28 C
Yangon

မြ၀တီမြို့ တောင်ဘက်ရှိ စစ်အင်အား ၅၀ နီးပါး ရှိသော စစ်ကောင်စီ၏ စုကလိစခန်းကို KNLA ၊ SOG အပါ အဝင် တော်လှန် ရေး တပ်များက တိုက်ခိုက်သိမ်းပိုက်

Must read

ရန်ကုန်၊ ဇွန် ၁၉

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တောင်ဘက်ရှိ စစ်အင်အား ၅၀ နီးပါးရှိသော စစ်ကောင်စီ၏ စုကလိစခန်းကို KNLA ၊ Special Operation Group – SOG အပါအဝင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း Special Operation Group – SOG သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇွန်လ ၁၇ ရက်နေ့ နံနက် ၇ နာရီမှစတင်ပြီး စုကလိစခန်းကို စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ ၁၈ ရက်နေ့ နံနက် ၈ နာရီဝန်းကျင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းစွန့်ခွာ ထွက်ပြေးသွားကြကြောင်း ၊ လက်ရှိတွင် စခန်းစွန့် ခွာ သွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

“ဇွန်လ ၁၇ ရက်နေ့ မနက်၇နာရီကစပြီး ဇွန်လ ၁၈ ရက်နေ့ မနက် ၈ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီဘက်က စခန်းစွန့်ပြီးထွက်ပြေးသွားကြတယ်။ သတင်းအတိကျက သေးစိတ်မသိရသေးဘူး။ အခုအထိ ထွက်ပြေးတဲ့ စကစတွေကို လိုကရှာပြီး နယ်မြေရှင်းလင်းရေးလုပ်နေတယ်” ဟု Special Operation Group – SOG သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

Special Operation Group – SOG အနေဖြင့် မေလတွင် ဖိုးချိမှူးစခန်း၊ ယခု ဇွန်လတွင် စုကလိစခန်း သိမ်းတိုက်ပွဲများတွင် ပါဝင်လျက်ရှိကြောင်း ၊ SOG အနေဖြင့် တော်လှန်ရေး ရဲဘော်များအတွက် ပြည်တော်ဝင်တေး ကမ်းပိန်းတွင် ပြည်သူများ ပါဝင်အားဖြည့်ပေးကြရန် မေတ္တာရပ်ခံထားသည်။

မတ်လအတွင်း KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်/တပ်မဟာ(၆)နယ်မြေ၊ မြဝတီမြို့ တောင် ဘက် စုကလိတပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချလာရောက်ပူးပေါင်းမှုလုပ် ဆောင်ကြရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၁၀၃ နှင့် ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း(၈)တို့က မတ်လ ၂၇ ရက်နေ့တွင် သတိပေးစာ ထုတ်ပြန်ခဲ့သည်။

စုကလိစခန်းတွင် ခမရ ၅၆၀ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးသူရိန်ဦး (စုကလိလှုပ်ရှား)နှင့် ခြေလျင်တပ်ရင်း -ခလရ ၃၂ တို့က တပ်စွဲ အထိုင်ချထားခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article