ရန်ကုန်၊ ဇွန် ၁၉
ခင်ဦးမြို့နယ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ထို့ပြင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် ဒုဝန်ကြီး အိသဥ္ဇာမောင် တို့ ပေးပို့သည့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု ပပျောက်ရေးနေ့ မိန့်ခွန်း ရုပ်သံကို ပရိုဂျက်တာနှင့် ဖွင့်လှစ်ပြသကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေးနေ့အကြိုအဖြစ် ရုပ်ရှင်ဇာတ်လမ်းများပြသခြင်း၊ ဟောပြောဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားတွင် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ခွန်အားပြည့်မိငယ် သီချင်းနှင့် သီချင်းသီဆိုခြင်း ၊ ပြိုင်ပွဲကို ကျင်းပပြီး အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ဆိုင်ရာ ခင်ဦးမြို့နယ် တာဝန်ခံက ပြိုင်ပွဲဝင်များကို ရွေးချယ်ပြီး ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









