26 C
Yangon

ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်ကို စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် PNLA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၉

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် PNLA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း PNLA က ပြောဆိုသည်။

ဇွန်လ ၁၈ ရက်နေ့ နံနက် ၉ နာရီ မှ ၁၁ နာရီ အထိ ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသ ထမ်းယံတိုင်ကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် PNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း၊ လွယ်မောတောင်ဒေသသည် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ ပြည်သူ့စစ်များက ရပ်ရွာအတွင်း တပ်စွဲနေထိုင်ခြင်း စာသင်ကျောင်းများတွင် တပ်စွဲနေထိုင်ခြင်းများကြောင့် ကလေးငယ်များ ပညာသင်ယူရမည့် အခွင့်အရေးများ ဆုံးရှုံးလျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ ပြည်သူ့စစ်များက နေ့စဉ် ၎င်းတို့အတွက် ပြည်သူများကို အသားဟင်းများဖြင့် ထမင်းချက်ခိုင်းခြင်း ထမင်းထုပ်ပို့ခိုင်းခြင်းများကြောင့်လည်း ပြည်သူများမှာ ကြီးစွာ ဆင်းရဲဒုက္ခရောက်နေရကြောင်း သိရသည်။

ပြည်သူများကို ရွာအပြင်ဘက်တွင် လည်းကောင်း တောင်ယာထဲတွင် လည်းကောင်း တွေ့ရှိပါက တော်လှန်ရေးတပ်ဖွဲ့ဝင်များဟု သတ်မှတ်ကာ ပစ်သတ်မည်ဟု ခြိမ်းခြောက်ထားသဖြင့် စိုက်ပျိုးရာသီဖြစ်သော်လည်း ပြည်သူများမှ စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်ရောက်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article