32 C
Yangon

မုံရွာမြို့နယ်၊ မုံရွေးရွာကို စစ်တပ်က ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်၊ လယ်ဒိုမြို့နယ်ရှိ ကြို့ကုန်းရွာကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

Must read

ရန်ကုန်၊ ဇွန် ၂၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေးကျေးရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မုံရွာမြို့နယ် သတင်းမှန်ကြားရေး ပကဖ မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ မြပုလဲဂိတ်မှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မုံရွေးကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံးသီးများ ကျဲချခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် ကျေးရွာ ဘုန်းကြီးကျောင်းရှိ ရှေးဟောင်းကျောင်းဆောင်တစ်ခုဖြစ်သော ကျောင်းသစ်ကျောင်းဆောင် အပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင် ပြိုကျ ပျက်စီးသွားကြောင်း သိရှိရသည်။

“ပြည်သူတွေ ထိခိုက်တာတော့ မရှိပါဘူး။ ကျောင်ဆောင်ကတော့ ပျက်စီးသွားတယ်” ဟု မုံရွာမြို့နယ် သတင်းမှန်ကြားရေး ပကဖ မှ တာဝန်ရှိ သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်ရှိ ကြို့ကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် လူနေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇွန်လ ၁၆ ရက်နေ့တွင် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ ၆၀ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ အင်းနက်ရွာ မြောက်ဘက် (ဒေသအခေါ် ဘာခွာ)ကွင်းသို့ ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ကြို့ကုန်းရွာ အတွင်းသို့ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ကြို့ကုန်းရွာ အနောက်ဘက်ရှိ ဦးမြင့်စိန်၏ နွား ၁ ကောင်လည်း ဒဏ်ရာရခဲ့ပြီး ကြို့ကုန်းရွာ အတွင်းရှိ ဒေါ်အေးမြင့် နေအိမ်လည်း ထိမှန် ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article