ဘုတလင်မြို့နယ်၊ အင်းတဲရွာအနီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး အပြင်းအထန်ဒဏ်ရာရ၊ စစ်တပ်က ကျေးရွာဇရပ်ကို မီးတင်ရှို့သွား
ရန်ကုန်၊ ဇွန် ၂၂
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အင်းတဲ့ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၁ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်အချိန် ဘုတလင်မြို့နယ်၊ အင်းတဲကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ဒေသတော်လှန်ရေးတပ်များအကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်စစ်ကြောင်းက ဘုတလင်မြို့ပေါ်မှ စတင်စစ်ကြောင်းထိုးရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဘုတလင်မြို့ အရှေ့ဘက်ကို စပြီး စစ်ကြောင်းထိုးလာတာ စစ်တပ်က ။ သူတို့စထွက်လာ ကတည်း က ကျနော်တို့က ရွာက နေ ဘေးလွတ်ရာကို ထွက်လာခဲ့တာ။ သူတို့ ကျနော်တို့ရွာထဲဝင် မွှေနှောက်ပြီး နောက်ကြာင်း ပြန်ဆုတ်တဲ့အချိန်မှာ တိုက်ပွဲဖြစ်ကြတာ။ နှစ်ဖက် သေဆုံးစာရင်းတော့ မသိရသေးဘူး။ တိုက်ပွဲဖြစ်ပြီး ပစ်ကြတဲ့ လက်နက်အသံ တွေကတော့ဆူညံ နေအောင်ကို ကြား နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ကောင်စီတပ်က အင်းတဲရွာကနေ ပြန်လည်ထွက်လာချိန် ရွာအထွက်ရှိ ဇရပ်ကို မီးတင်ရှို့သွားခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့နဲ့ စစ်ခွေးတွေက အင်းတဲရွာကနေ ပြန်ထွက်လာပြီး အင်းတဲရွာနဲ့ သပြေပင်ရွာဦး ဝက်ခြံအနီးမှာ တိုက်ပွဲစဖြစ်တာ။ ကျနော်တို့ဘက်က အရင်စောင့်ကြို တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲကြာချိန်ကနာရီဝက်လောက်ကြာတယ်။ သူတို့ဘက်ကတော့ အကျအဆုံးရှိတယ်။ ကျနော်တို့သတင်းအတိကျရတာထားတာက ဘုတလင်ပြည်သူ ဆေးရုံမှာ စစ်ခွေးတစ်ကောင် ဒဏ်ရာအပြင်းအထန်ရပြီး ဆေးကု နေတယ်။ တော်လှန်ရေးတပ်ဘက်ကတော့ အထိအခိုက် မရှိဘူး” ဟု ဘုတလင်ပြည်သူ့ကာကွယ် ရေးရဲဘော်တစ်ဦးက ရှင်းပြသည်။
ဘုလင်မြို့နယ်တွင် ဇွန်လ ၁၃ရက်နေ့ကလည်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ညောင်ကုန်းရွာမှ စစ်ဘေးရှောင်ပြည်သူ ၂ ဦးသေဆုံးပြီး ထန်းတောရွာမှ စစ်ဘေးရှာင်ပြည်သူ ၁ ဦး
ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်တပ်က ကျေးရွာများကို မီးတင်ရှို့နေစဉ်။