36 C
Yangon

စစ်ကောင်စီက လားရှိးနှင့် ပြင်ဦးလွင်မြိုကို စစ်ရေးအရ အချိန်မရွေး တိုက်ခိုက်ခံရနိုင်သော အရေးပေါ် နေရာများနှင့် အခြေအနေ အဖြစ်သတ်မှတ်

Must read

ရန်ကုန်၊ ဇွန် ၂၇

အကြမ်းဖက်စစ်ကောင်စီက လားရှိးနှင့် ပြင်ဦးလွင်မြိုတိုကို စစ်ရေးအရ အချိန်မရွေး တိုက် ခိုက်ခံရနိုင်သော အရေးပေါ် နေရာများနှင့် အခြေအနေအဖြစ်သတ်မှတ်လိုက်ပြီး စစ်အင်အား အလုံးအရင်းဖြင့် ဖြည့်တင်းခြင်း၊ စစ်ရေး သတိရှိရန် ဆောင်ရွက်ခိုင်းသော အမိန့် ပေးညွှန်ကြားမှုများ ထွက်ရှိလာကြောင်း စစ်ဘက်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့မှစတင်၍ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ မှ TNLA က နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်မြိုနယ်များတွင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်လိုက်ရာ ယင်းအခြေအနေများကြောင့် စစ်ကောင်စီက ပြင်ဦးလွင်နှင့် လားရှိးမြိုတိုကို စစ်ဆင်ရေးအရ အရေးပေါ် နေရာများအဖြစ် စစ်တပ်တွင်း သတ်မှတ်ကြေညာခြင်းဖြစ် ကြောင်း သိရှိရသည်။

“လားရှိးနဲ့ ပြင်ဦးလွင်ကို အရေးပေါ် နေရာတွေအဖြစ် အမြဲမပြတ် ၂၄ နာရီ အသင့် စစ်ရေး သတိရှိဖို ၊ လုံခြုံရေးကင်းတွေနဲ့ အစဉ်အမြဲ သတိပြုခိုင်းတဲ့ တပ်တွင်း ညွှန်ကြားမှုတွေ ထွက် ရှိပါတယ်။ တပ်မိသားစုဝင်တွေနဲ့ အရာရှိ၊ စစ်သည်တွေ တပ်ပြင်ပမထွက်ဖို၊ ခရီးမသွားဖို နဲ့ ခွင့်မပေးဖို တွေလည်း အကြောင်းကြားစာတွေ ထွက်ရှိပါတယ်။ အရင်က တည်းက ရှိနှင့်နေပြီးသား ညွှန်ကြားချက်တွေကို မဖြစ်မနေ သတိပြုလိုက်နာရမယ်ဆိုတဲ့ အဆင့်အဖြစ် အရေးပေါ် အဖြစ် သတ်မှတ်တဲ့ စာ၊ နှုတ်မိန့် ညွှန်ကြားမှုတွေရရှိပါတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြော သည်။

လားရှိးနှင့် ပြင်ဦးလွင်မြို ၂ ခုစလုံးတွင် နေ့ညမပြတ် လုံခြုံရေးကင်းများ ထပ်မံတိုးမြှင့်လိုက် ပြီး စစ်အင်အားများ၊ နိုင်ငံတစ်ဝန်း တပ်များမှ ထုတ်နုတ်အင်အားများဖြင့် အလုံးအရင်း အင်အားတိုးမြှင့်လျက်ရှိကြောင်း သိရှိရသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိသော လားရှိးမြိုနှင့် စစ်တက္ကသိုလ်များ တည်ရှိသော ပြင်ဦးလွင်မြိုတိုတွင် ယခင်ကတည်းက စစ်အင်အားထောင်ချီ၍ လူနှင့် လက်နက်ခဲယမ်း ဖြည့်တင်းပြီးသား ဖြစ်သော်လည်း ယခုရက်ပိုင်းအတွင်း ထပ်မံ၍ အင်အားများ တိုးမြှင့်ချထားခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတစ်ဝန်းမှ စစ်သင်တန်းဆင်း ပြည်သူ့စစ်များ၊ စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူထားသည့် စစ်သားအသစ်များ၊ စစ်မှုထမ်းဟောင်း စစ်သည်များကိုလည်း လားရှိးနှင့် ပြင်ဦးလွင်တိုသို ပိုဆောင်နေကြောင်း စစ်ဘက်သတင်းရင်းမြစ်များက ဆိုကြသည်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများတွင် မိမိ၏ နယ်မြေများ ထပ်မံ မပါရှိရေး၊ ဆုံးရှုးထားသည့် နယ်မြေများကို မဖြစ်မနေ ပြန်လည်ရရှိရေးအတွက်ပါ မဟာဗျူဟာဖြင့် တိုက်ခိုက် သိမ်းပိုက်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိင်က တပ်တွင်း ညွှန်ကြားချက်ပေးသည်ဟုလည်း သိရှိရသည်။

လတ်တလော ဇွန်လ ၂၅ ရက်နေ့မှ စတင်လိုက်သော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ စစ်စခန်း ၂၄ ခု ဆုံးရှုးသွားပြီး စစ်သားများ သေဆုံးခြင်း၊ စစ်သုံပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ လက်နက်ခဲယမ်းများ ဆုံးရှုးခြင်းများကို စစ်ကောင်စီတပ်များ စတင်ကြုံတွေ့နေရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article