27.4 C
Yangon

မိုးကုတ်မြို့နယ်၊ ပြည်သူများ နေထိုင်သော ရပ်ကွက်များပေါ်သို့ စစ်တပ်က ယမန်နေ့ညပိုင်း လေယာဉ်ဖြင့် ဗုံးများကျဲချ

Must read

ရန်ကုန်၊ ဇွန် ၂၇

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ပြည်သူများ နေထိုင်သော ရပ်ကွက်များပေါ်သို့ စစ်ကောင် စီတပ်က ယမန်နေ့ညပိုင်း လေယာဉ်များဖြင့် ဗုံးများကျဲချခဲ့သဖြင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့မှစတင်ပြီး မိုးကုတ်မြို့နယ်အတွင်းတွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် ဇွန်လ ၂၆ ရက်နေ့ ညပိုင်း လူနေအိမ်များနှင့် ရပ်ကွက်များ အပေါ်သို့ စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊ မိုးကုတ်မြို့နယ်၊ အနောက်ပိုင်း ရွှေမြင်ဝင်း၊ မစိုးရိမ်တစ်၀ိုက်တွင်လည်းကောင်း၊ ကျပ်ပြင်မြို့မရပ်ကွက်များပေါ်သို့ လေယာဉ်ဖြင့် ဗုံးများ ကျဲချခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့ည ၈ နာရီ ၅၀ ဝန်းကျင်ကစပြီး မိုးကုတ်မြို့ အနောက်ပိုင်း ရွှေမြင်ဝင်း မစိုးရိမ် တဝိုက် လေယာဉ်ဗုံးချသွားတာ ဗုံး ၈ လုံးကျော်လောက်ရှိမယ်။ လေယာဉ်တွေက တစ်ခါကျဲ၊ ပြီးတော့ ပြန်ပတ်လိုက်။ ပြန်ကျဲလိုက် အဲဒီလိုလုပ်နေတယ်။ ကျဲတာတွေကတော့ ဒေါ်နန်းကြည်တောင်၊ မြို့တွင်း ရဲစခန်းနားတွေပါ ကျဲတယ်။ တစ်မြို့လုံး အသံအကျယ်ကြီးပဲ။ မြေကြီးတွေတောင်တုန်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မိုးကုတ်မြို့မှ စစ်ရေးသတင်းရင်းမြစ်ကမူ ယမန်နေ့ညပိုင်းစစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများ ကျဲချရာတွင် Y12 လေယာဉ်ဖြင့် ၆၀ မမ ဗုံးများကို လူနေရပ်ကွက်များပေါ်သို့ ကျဲချသွားခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“Y12 လေယာဉ်တွေနဲ့ ၆၀ မမ ဗုံး တွေကို မနေ့ညပိုင်း လူနေ ရပ်ကွက်တွေအပေါ် ကျဲ ချသွားတာ။ လူသေဆုံးထိခိုက်မှု ရှိ၊ မရှိ မသိရသေးဘူး။ နေအိမ်တွေနဲ့အဆောက်အအုံတွေတော့ ပျက်စီးသွားတယ်” ဟု မိုးကုတ်မြို့မှ စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

လတ်တလော မိုးကုတ်မြို့နယ်အနောက်ပိုင်းမှ တစ်ဆင့် TNLA ဦးဆောင်သော တော် လှန်ရေးတပ်များက မြို့တွင်းသို့ ဝင်ရောက်လာကြောင်း၊ ရဲစခန်းကိုလည်း တိုက်ခိုက်လျက်ရှိသည့်အပြင် စစ်စခန်းတချို့ကိုလည်း သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article