25.5 C
Yangon

အုတ်တွင်းတွင် PDF များ အဖမ်းခံရမှုတွင် စစ်တပ်ထံသို့ သတင်းပေးပို့ခဲ့သူ ပျူစောထီး အောင်မြင့် (ခေါ်) မဲကြီး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၇

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် PDF များ အဖမ်းခံရမှုတွင် စစ်တပ်ထံသို့ သတင်းပေးပို့ခဲ့သူ ပျူစောထီး အောင်မြင့် (ခေါ်) မဲကြီး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Yome Eagle PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ မိုင်၂၀ ရွာ ၊ ၁၉ မိုင်ပေါက်တွင် ပျူစောထီး အောင်မြင့် (ခေါ်) မဲကြီးကို ပစ်ခတ်ရာမှ သေဆုံးခဲ့ခြင်းဖြစ် ကြောင်း ၊ အောင်မြင့် (ခေါ်) မဲကြီး၏ သတင်းပေးမှုကြောင့် PDF ၅ ဦး ထက်မနည်း အဖမ်းခံခဲ့ရကြောင်း သိရှိရသည်။

“ပျူစောထီး မဲကြီးက စစ်တပ်နဲ့ပေါင်းပြီး သစ်ခိုးထုတ်တယ်။ PDFထောက်ပို့တွေရဲ့ သ တင်း ကို စုံစမ်းပြီး စစ်တပ်ကို ဖမ်းခိုင်းတယ်။ စစ်ဆေးရေးဂိတ်တွေမှာလည်း စစ်သားတွေနဲ့ပေါင်းပြီး ပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းတယ်။ အဲဒါကြောင့် ရှင်းလင်းတာပါ” ဟု Yome Eagle PDF မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

ပျူစောထီး အောင်မြင့်(ခ) မဲကြီးကို စစ်တပ်သတင်းပေး မလုပ်ရန်၊ ပျူစောထီး မလုပ်ရန် အကြိမ်ကြိမ် သတိပေးခဲ့ကြောင်း၊ မဲကြီးကဲ့သို့ ပျူစောထီးများ၊ စစ် တပ်အတွက် အလုပ်လုပ်သူများကို Yome Eagle PDF က ဆက်လက် ဖယ်ရှားသွားမည်ဖြစ်ကြောင်း Yome Eagle PDFက သတိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article