27 C
Yangon

နိုင်ငံတစ်ဝန်း မြို့ကြီးများရှိ စူပါမားကတ်များ၊ စျေးဝယ်စင်တာများတွင် သိုလှောင်ထားသော ဆန်များကို စစ်ကောင်စီ၏ သတ်မှတ်စျေးဖြင့် ရောင်းချရန် ၊ နေ့စဉ် အရောင်း အဝယ် စာရင်းပေးပို့ရန် ပိုင်ရှင်များ ခံဝန် လက်မှတ်ထိုးရ

Must read

ရန်ကုန်၊ ဇွန် ၂၈

မြန်မာနိုင်ငံတစ်ဝန်းမြို့ကြီးများရှိ စူပါမားကတ်များ၊ စျေးဝယ်စင်တာများတွင် သိုလှောင်ထားသော ဆန်များကို စစ်ကောင်စီ၏ သတ်မှတ်စျေးဖြင့် ရောင်းချရန် ၊ နေ့စဉ် အရောင်း အဝယ်စာရင်းများပေးပို့ရန် ပိုင်ရှင်နှင့် လုပ်ငန်းရှင်များကို စစ်ကောင်စီက ခံဝန် လက်မှတ် ထိုးခိုင်းကြောင်း သိရှိရသည်။

ဇွန်လ ၂၇ ရက်နေ့မှစတင်၍ စူပါမားကတ်များ၊ စျေးဝယ်စင်တာများအားလုံးတွင် ဆန်များကို 1 Kg အိတ်မှစ၍ ထုပ်ပိုးရောင်းချရမည်ဖြစ်ပြီး အခြေခံစျေးနှုန်းအဖြစ် 1 Kg ရွှေဘိုပေါ်ဆန်းဆန်တစ်ထုပ်လျှင် ငွေကျပ် ၃၅၀၀ မှ ငွေကျပ် ၃၈၀၀ အကြား၊ ဧရာ၀တီပေါ်ဆန်းဆန် 1 Kg တစ်ထုပ်လျှင် ငွေကျပ် ၃၀၀၀ ကျပ်မှ ၃၃၀၀ အတွင်း၊ ရက် ၉၀ /အထူးဧည့်မထဆန် 1 Kg တစ်ထုပ်လျှင် ငွေကျပ် ၂၂၀၀ မှ ၂၅၀၀ အတွင်းရောင်းချရန် စစ်ကောင်စီ က စျေးနှုန်းသတ်မှတ်ထားကြောင်း သိရှိရသည်။

ဆန်အမျိုးအစားသစ်များ ထုပ်ပိုးရောင်းချမည်ဆိုလျှင် ရည်ညွှန်းစျေးအပေါ် အိတ်ခွံတန်ဖိုး၊ စျေးအရောင်းဆိုင်သို့ ပေးရမည့် ၁ ရာခိုင်နှုန်းထက်မပိုသော ဝန်ဆောင်စရိတ်၊ ၃ ရာခိုင်နှုန်းထက် မပိုသော သယ်ယူ/သိုလှောင်စရိတ် ၊ ၄ ရာခိုင်နှုန်း ထက်မပိုသော ထုတ် လုပ်သူ အကျိုးအမြတ်တို့ဖြင့် တွက်ချက် ဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြားသည်။

ထို့ပြင် စျေးဝယ်စင်တာများ၊ စူပါမားကတ်များတွင် ဆန်များ မပြတ်လပ်အောင် ရောင်းချရန်၊ ပစ္စည်းများ ပြတ်လပ်မှုတာဝန်ယူ ဆောင်ရွက်ရန်၊ နေ့စဉ် အရောင်းစာရင်းနှင့်စျေးနှုန်းများ လို အပ်ချက်အရ စစ်ဆေးသည့်အခါ ပူးပေါင်းဆောင်ရွက်ပါမည်ဟု ဝန်ခံကတိပြုမှုများကိုပါ လက်မှတ်ရေးထိုးရကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီက သတ်မှတ်ထားသော ညွှန်ကြားချက်များကို ဖောက်ဖျက်ပါက အရေးယူခံရမည်ကိုပါ သိရှိနားလည်ကြောင်း စူပါမားကတ်နှင့် စျေးဝယ်စင်တာအရောင်းဆိုင်ပိုင်ရှင်များ၊ လုပ်ငန်းရှင်များ အားလုံးက ခံဝန်လက်မှတ်ရေးထိုးခိုင်းကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article