30 C
Yangon

P2P မူကို အသုံးချ၍ မြန်မာပြည်သူများကို ကယ်တင်ရေး ကြိမ်ဖန် များစွာတောင်းဆိုခဲ့ပြီး ထိုသို့ လုပ်ဆောင်ရမည့် အချိန်သည် ကြာမြင့်စွာ ကျော်လွန်နေပြီဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

Must read

ရန်ကုန်၊ ဇူလိုင် ၂

မြန်မာနိုင်ငံတွင် ကူညီရာမဲ့နေသည့် ပြည်သူများကို ကယ်တင်နိုင်ရန် R2P မူအား အသုံးချပေးရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပြီးဖြစ်သကဲ့သို့ ယင်းသို့လုပ်ဆောင်ရမည့်အချိန်သည်လည်း ကာလ ကြာမြင့်စွာ ကျော်လွန်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောဆိုသည်။

ဇွန်လ ၁ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ အထွေထွေညီလာခံတွင် ကာကွယ်မှု ပေးရန်တာဝန်ရှိမှု (Responsibility to Protect) နှင့် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစု အလိုက် သုတ်သင် ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများ ကာကွယ်တားဆီး ရေး ဆိုင်ရာမျက်နှာစုံညီ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကာကွယ်မှုပေးရန်တာဝန်ရှိမှုသည် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုအလိုက် သုတ်သင် ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ အပါအဝင် မဖြစ်မနေ လိုက်နာရ မည့် အပြည်ပြည်ဆိုင်ရာဥပဒေစံနှုန်းများအား ချိုးဖောက်မှုများကို ဖြေရှင်းပေးရန် ရည်ရွယ်ပြီး ကာကွယ် မှုပေးရန်တာဝန်ရှိမှု မူ (Principles of R2P) ကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ က ၂၀၀၅ ခုနှစ်၊ ကမ္ဘာ့ထိပ်သီးညီလာခံတွင် အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ကတိကဝတ်အရ R2P သည် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို တားဆီးရေး နှင့် ထိခိုက်လွယ်သော ပြည်သူလူထုကို ကာ ကွယ်ပေးရေးအတွက် နိုင်ငံတကာမှ ခိုင်မာသော အရေး ယူဆုံးဖြတ်ချက် ချမှတ်နိုင်ရေးအတွက် အရန်သင့်အနေအထားတွင် ရှိနေစေရေးတို့၏ အရေးပါမှုကို အလေးထားပြသထားကြောင်း သိရသည်။

သို့ရာတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာဒေသများတွင် ဖြစ်ပွားခဲ့သော ရက်စက်ကြမ်းကြုတ် မှု များကို ကုလသမဂ္ဂ အနေဖြင့် တားဆီးပေးနိုင်ခဲ့ခြင်း မရှိသည်မှာ ဝမ်းနည်းဖွယ်ကောင်းပြီး အာဏာ သိမ်းစစ် အုပ်စုက ရိုဟင်ဂျာအပါအဝင် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သော ရာဇ ဝတ်မှုများကို ဆက် လက် ကျူးလွန်နေခြင်းသည် နိုင်ငံတကာ အသိုက်အဝန်းက ပြည်သူများကို ကာ ကွယ်စောင့်ရှောက်ရန် ပျက်ကွက်နေသည့် ထင်ရှားသော သာဓကတစ်ခု ဖြစ်ပါကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြပြောကြားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်း သူနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) တို့ကလည်း မြန်မာ အာဏာ သိမ်းစစ်အုပ်စုသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စနစ်တကျ ကျူးလွန်လျက်ရှိသည်ကို သက်သေအထောက်အထား အပြည့်အစုံရရှိထားပြီး နိုင်ငံတကာ အသိုင်း အဝိုင်းအနေဖြင့် ကျူးလွန်သူများကို တရားမျှတမှုဖြင့် တာဝန်ခံစေရန် ထို သက်သေအထောက် အထားများကို အသုံးပြုရန်လိုအပ်သည်ကို အကြိမ်ကြိမ် ရှင်းလင်းပြတ်သားစွ ပြောကြားထား ကြောင်း သိရသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြည်သူများ၏ အသက်များကို ကယ်တင်ရန်၊ အကြမ်းဖက်စစ် တပ်မှ ကျူးလွန်လျက်ရှိသော ရက်စက်ကြမ်းကြုတ်မှု အန္တရာယ်များမှ ကာကွယ်ပေးရန် မည်သည်ကို စောင့်ဆိုင်းနေသနည်းဟု ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ ကို မေးခွန်းထုတ်လိုကြောင်း၊ မြန်မာနိုင်ငံ တွင် ကူညီရာမဲ့နေသောပြည်သူများအား ကယ်တင်နိုင်ရန် R2P မူအား အသုံးချပေးရန် ကြိမ်ဖန် များ စွာတောင်းဆိုခဲ့ပြီး ဖြစ်သကဲ့သို့ ယင်းသို့ လုပ်ဆောင်ရမည့်အချိန်မှာလည်း ကာလကြာမြင့်စွာ ကျော် လွန်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

လုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား ထိန်းသိမ်းရမည့် ကတိ ကဝတ်နှင့် တာဝန်ဝတ္တရားများကို လေးလေးနက်နက် ပြသကာ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ရက်စက်ကြမ်းကြုတ်မှုများ အပါအဝင် နေရာအနှံ့အပြားတွင် ဖြစ်ပွားနေသည့် ရက်စက်ကြမ်းကြုတ် မှုများ အားရပ်တန့် စေရန် ကောင်စီတွင်ရှိသည့် အရင်းအမြစ်များများ အားလုံးကိုအသုံးချ ဆောင် ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား ၂၀၀၅ ခုနှစ်တွင် ပေးအပ်ခဲ့သည့် R2P ကတိကဝတ် အပါအဝင် အခြားသော ကတိကဝတ်များကို စွဲမြဲစွာ ထိန်းသိမ်းရန်နှင့် ယင်းနှင့် အညီ ပြုမူ ကျင့်ကြံရန်နှင့် ထိုသို့ လုပ်ဆောင်ခြင်းမရှိပါ ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီ၏ ပျက်ကွက်မှု၏ နောက်ဆက် တွဲ ဆိုးကျိုးများကို ပြည်သူများက ခါးစည်းခံနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article