30 C
Yangon

ဒေါနတောင်သို့ရောက်ရှိနေသော အောင်ဇေယျစစ်ကြောင်းမှ စစ်သားများ လာရောက် လက်နက်အပ် ပူးပေါင်းကြရန် ဖိတ်ခေါ်

Must read

ရန်ကုန်၊ ဇူလိုင် ၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်သို့ ရောက်ရှိသောစစ်သားများ အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို စွန့်ခွာပြီး လာရောက် လက်နက်အပ်ကာ ပူးပေါင်းကြရန် KNLA ဗဟိုဌာနချုပ် ထုတ်ပြန်ဖိတ်ခေါ်လိုက်သည်။

ယနေ့ ဇူလိုင်လ ၅ ရက်နေ့စွဲဖြင့် KNLA ဗဟိုဌာနချုပ်က ထုတ်ပြန်သော ဖိတ်ခေါ်စာတွင် မိမိဆန္ဒမပါပဲ အောင်ဇေယျစစ်ဆင်ရေးနှင့်အတူ ဒေါနတောင်သို့ ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့များ အနေ ဖြင့် ကျည်ဖြုတ်ထားသော သေနတ် ပြောင်းကို မြေကြီးအောက်သို့ စိုက်၍ နောက်ကျောတွင် လွယ် ကာ လက်ဗလာဖြင့် ရောက်ရှိနေသည့် နေရာကို စွန့်ခွာပြီး KNLA ရှေ့တန်းတပ်ဖွဲ့ထံ လာရောက် ပူး ပေါင်းကြရန် ဖြစ်ကြောင်း အသိပေးထားသည်။

ထိုသို့ လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်များကို နိုင်ငံတကာ ဥပဒေစံနှုန်းများနှင့်အညီ အသက်ရှင်ခွင့် ရရှိမည်ဖြစ်ပြီး KNLA တပ်မတော်ထံသို့ လာရောက်ကာ လက်နက်အပ်နှံခြင်းက အသက်ရှင်ခွင့်ရမည့် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article