30 C
Yangon

အရာတော်မြို့နယ်တွင် 7 July အထိမ်းအမှတ် ဓာတ်ပုံပြပွဲနှင့် ဆန္ဒပြပွဲပြုလုပ်

Must read

အရာတော်မြို့နယ်တွင် 7 July အထိမ်းအမှတ် ဓာတ်ပုံပြပွဲနှင့် ဆန္ဒပြပွဲပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၇

အရာတော်မြို့နယ်တွင် 7 July အထိမ်းအမှတ် ဓာတ်ပုံပြပွဲနှင့် ဆန္ဒပြပွဲကို ယနေ့ ဇူလိုင် ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဓာတ်ပုံပြပွဲကို ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်၊ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) တို့အတူပူးပေါင်းဦးဆောင်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် “7 July အထိမ်းအမှတ် ဓာတ်ပုံပြပွဲ” နှင့်အတူကျောင်းသားလူထုပူးပေါင်းကာ “၇.၇.၆၂ မမေ့ကြနဲ့” “ဆဲဗင်းဂျူလိုင်တိုက်ပွဲဝင် စိတ်ဓာတ်ဆက်လက်ကိုင်ဆွဲကြ စစ်သုံးစစ်ကိုအမြစ်ပြတ်တိုက်ဖျက်ကြ” စသည့်ဘန်နာ စာတန်းများကိုင်စွဲကာ ကျောင်းသားပြည်သူလူထုပူးပေါင်းသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article