30 C
Yangon

လားရှိုးတွင် ခမရ ၅၀၇ ကို MNDAA ဦးဆောင်သော မဟာမိတ်တပ်များက သိမ်းပိုက်ပြီးနောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်များ တဖြည်းဖြည်း နီးကပ်လာ

Must read

လားရှိုးတွင် ခမရ ၅၀၇ ကို MNDAA ဦးဆောင်သော မဟာမိတ်တပ်များက သိမ်းပိုက်ပြီးနောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်များ တဖြည်းဖြည်း နီးကပ်လာ

ရန်ကုန်၊ ဇူလိုင် ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ အထက်မန်အိုင်အနီးရှိ ခမရ ၅၀၇ တပ် ကို MNDAA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် မြောက်ပိုင်းမဟာ မိတ် တပ်များ တဖြည်းဖြည်းနီးကပ်လာနေသည်ဟုဆို နိုင်ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်နှင့် လားရှိုးဒေသမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၇ ရက်နေ့ ည ၇ နာရီအချိန် လားရှိုးမြို့နယ်၊ ခမရ ၅၀၇ တပ်ကို MNDAA တပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လားရှိုးလေဆိပ်အနီးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်းမှ စစ်ကောင်စီတပ်များက လက်နက် ကြီးများဖြင့် လားရှိုးမြို့၊ ရပ်ကွက် ၅ ဘက်သို့ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“ခမရ ၅၀၇ ဘက်ကို ရမခဘက်ကနေ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တယ်။ ရက ၅ နဲ့ ရက ၇ ကွက်သစ် ဘက်မှာလည်း မြောက်ပိုင်း တပ်တွေ ဝင်လာတယ်ဆိုပြီးတော့ စစ်ရေး အခြေအနေတွေကို အချင်း ချင်း သတင်းဖလှယ်ကြတာလည်းရှိတယ်။ ရမခ(အရှေ့မြောက်တိုင်းစစ်ဌာနချုပ်) နဲ့ အနီးဆုံးတော့ မဟာမိတ်တပ်တွေ ရောက်လာတာကတော့ ငြင်းမရဘူး။ ရမခနဲ့ မြောက်ပိုင်းတပ်တွေ အကြား မိုင်အားဖြင့် တွက်မယ်ဆိုရင်တော့ ၅ မိုင်ဝန်းကျင်လောက်မှာပဲ ရှိလိမ့်မယ်” ဟု လားရှိုးအခြေစိုက် စစ်ရေးသတင်းရင်းမြစ် တစ်ခုက ပြောဆိုသည်။

လက်ရှိ မြို့ထဲတွင် စစ်ကောင်စီတပ်များ မတွေ့ရဘဲ အရှေ့မြောက်တိုင်းစစ် ဌာနချုပ်အတွင်းတွင် စုပေါင်းရောက်ရှိနေကြပုံရှိကြောင်း၊ လားရှိုးမြို့ ရပ်ကွက်များတွင် ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်သားများ မမြင်တွေ့ရကြောင်း ဒေသပြည်သူတချို့က ဆိုကြသည်။

“စကစတွေကို မြို့ထဲမှာ အရင်လို ကင်းလှည့်တာ သိပ်မမြင်ရတော့ဘူး။ ဒီရက် ပိုင်းတွေမှာ မမြင်ရတော့တာ။ ဇူ လိုင် ၃ မတိုင်မီက ကင်းလှည့်တာမြင်ရသေးတယ်။ အခု မတွေ့ရတော့ဘူး။ မြောက်ပိုင်းအဖွဲ့တွေ ဝင်လာလို့ ရမခထဲမှာ ထောင် နဲ့ချီပြီး စုနေကြတယ်လို့ သိရတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

လားရှိုးမြို့မှ ပြည်သူအများစုက တိမ်းရှောင်နေကြပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ ပိတ်မိနေသော ပြည်သူများစွာ ရှိနေသေးကြောင်း၊ ယနေ့ ဇူလိုင်လ ၈ ရက်နေ့တွင် လားရှိုးမြို့မှ ပြည်သူများက စစ်ဘေးရှောင်တိမ်းခွင့် ရရှိလိမ့် မည်ဟု မျှော်လင့်နေကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article