28 C
Yangon

ပေါက်ခေါင်း၊ ကြို့ပင်၀ိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် အစားထိုးဝင်ရောက်သူ အုပ်ချုပ်ရေးမှူးအသစ် ဝင်းနိုင်ပါ ထပ်မံ ပစ်ခတ်ခံရပြီး သေဆုံးပြန်

Must read

ရန်ကုန်၊ ဇူလိုင် ၁၁

ပဲခူးတိုင်း၊ ပေါက်ခေါင်း၊ ကြို့ပင်၀ိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် အစားထိုးဝင်ရောက်သူ အုပ်ချုပ်ရေးမှူးအသစ် ဝင်းနိုင်ပါ ထပ်မံ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း၏ သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်၀ိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ပွားသီးကို PDF များ က ရှင်းလင်းခဲ့ရာ သေဆုံးသွားခဲ့ကြောင်း၊ ယင်းနောက် သေဆုံးသူ အုပ်ချုပ်ရေးမှူး ပွားသီးနေရာတွင် အုပ်ချုပ်ရေးမှူးအသစ် ဝင်းနိုင် ဝင်ရောက် လာခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ်၊ကြိုပင်ဝိုင်းအုပ်စု၊ရွှေကူရွာနေ အုပ်ချုပ်ရေးမှူးအသစ် ဝင်းနိုင်ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း၊တပ်ခွဲ ၁ နှင့်တပ်ခွဲ ၄ မှရွှေကူရွာအနီးတွင်ပစ်ခတ်ရှင်းလင်းရာဦးခေါင်းထိမှန်ပြီးနေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

သေဆုံးသူ အုပ်ချုပ်ရေးမှူး အသစ် ဝင်းနိုင်သည် စစ်မှုထမ်းဥပဒေဖြင့် စစ်သားသစ်များ စုဆောင်းရာတွင် အဓိက ပါဝင်ပြီး PDFထောက်ပို့များ၏ သတင်းများကို စုံစမ်းကာ စစ်ကောင်စီထံတိုင်ကြားသတင်းပေးနေသူဖြစ်ကြောင်း “ဘယ်သူမှ အုပ်ချုပ်ရေးမှူးမလုပ်ရဲရင် ငါလုပ်တယ်” ဟု ကြွေးကြော်ကာ အုပ်ချုပ်ရေးမှူး နေရာ ရယူခဲ့သူဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင်အုပ်ချုပ်ရေးမှူးများကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်နေသဖြင့် ကျန်ရှိနေသေးသောအုပ်ချုပ်ရေးမှူးများအနေဖြင့် အချိန်မီ ရာထူးမှ နုတ်ထွက်ကြရန် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း၏ သတင်းပြန်ကြားတာဝန်ခံက သတိပေးသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article