26 C
Yangon

နောင်ချိုမြို့ရှိ တပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်ရာတွင် လေယာဉ်ပစ် လက်နက် ၂ လက် အပါအဝင် လက်နက်မျိုးစုံ ၆၀၀ ကျော်နှင့် ခဲယမ်းအမြောက်အများရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ တပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်ရာတွင် လေယာဉ်ပစ် လက် နက် ၂ လက် အပါအဝင် လက်နက်မျိုးစုံ ၆၀၀ ကျော်နှင့် ခဲယမ်းအမြောက်အများရရှိကြောင်း TNLA က ပြောဆို ထုတ်ပြန်သည်။

ဇွန်လ ၂၅ ရက်နေ့မှစတင်၍ နောင်ချိုမြို့ကို စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် နောင်ချိုမြို့ရှိ တပ်စခန်းအားလုံးကို TNLA နှင့် MDY PDF၊ DPLA ပူးပေါင်းတပ်ဖွဲတို့က အလုံးစုံ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်၊ လေယာဉ်ပစ်လက်နက် ၂ လက်၊ Radar စက် ၁ လုံး၊ လက်နက်မျိုးစုံ ၁၃၉ လက်၊ 60 MM ၁၅ လက်၊ 80 MM ၂ လက်၊ ဆလက် ၁၇ လက်၊ ဒုံးပစ်ကျည် ၁၀ သေတ္တာ၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများရှင်းလင်းသိမ်းဆည်းရမိပြီးဖြစ်ကြောင်း၊ နောင်ချိုမြိုနယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် လက်နက်မျိုးစုံ ၆၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

နောင်ချိုမြို့ရှိ ခမရ ၁၁၄ စခန်း၊ ခမရ-၁၁၅၊ ဒုံးတရ – ၆၀၆ နှင့် အုမ္မတီး၊ အုမ္မခါးစခန်း၊ ကျောက်ကြမ်းစခန်း၊ ရွှေညောင်ပင်စခန်း၊ ကံ့ကော်၊ ခဲမွန်၊ စက်ရုံ၊ တိုးဂိတ်၊ ဆေးရုံ၊ ဘူတာရုံနှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း ၊ ဇူလိုင် ၁၁ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA နှင့် ပူးပေါင်းတပ်ဖွဲတို့က ပထမဆုံး သိမ်းပိုက်ရရှိသည့် မြိုအဖြစ် နောင်ချိုမြိုကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ် ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article