ရန်ကုန်၊ ဇူလိုင် ၁၂
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ခရစ်ယန်တရားဟောဆရာတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်း လားရှိုးမြို့၊ ရပ်ကွက် ၁ ၊ နယ်မြေ ၄ မြောင်းမြလမ်းတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကရင်တိုင်း ရင်းသား ခရစ်ယန်တရားဟောဆရာတစ်ဦး ကျည်ထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန် လားရှိုးမြို့၊ သိန္နီ-လား ရှိုး ပြည်ထောင်စုလမ်းမ ကြီးဘေးရှိ တိုကျိုဂျပန်ကားပစ္စည်းအရောင်းဆိုင်အနီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။
“မနေ့ကရော ဒီနေ့မနက်ပိုင်းရော လက်နက်ကြီးကျည်တွေက တောက်လျှောက်ကျနေတယ်။ မနေ့က တိုကျိုကားပစ္စည်းဆိုင်ဘက်ကို ပစ်တာက စစ်တပ်က ပစ်တဲ့ လက်နက်ကြီးကျည်ပါ။ MNDAA ဘက်ကလည်း ပစ်တယ်။ အခုမနက်လည်း ပစ်နေတုန်းပဲ” ဟု လားရှိုးမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ယမန်နေ့ညပိုင်း စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် သိန္နီမြို့ကို ဗုံးကျဲခဲ့ရာ သိန္နီမြို့ပေါ်ရှိ အခြေခံ ပညာ အထက်တန်း ကျောင်း လုံး၀ ပျက်စီးသွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ဓာတ်ပုံ – လားရှိုးမှ ခရစ်ယန်တရားဟောဆရာ သေဆုံးမှု၊ လားရှိုးနှင့်သိန္နီမှ အပျက်အစီးနှင့်မီးလောင်မှုများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar