28 C
Yangon

ရှမ်းမြောက်တွင် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ၄ ရက်ကြာ ယာယီ အပစ်အခတ် ရပ်စဲ

Must read

ရှမ်းမြောက်တွင် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ၄ ရက်ကြာ ယာယီ အပစ်အခတ် ရပ်စဲ

ရန်ကုန်၊ ဇူလိုင် ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ၄ ရက်ကြာ အပစ်အခတ်ရပ်စဲလိုက်ကြောင်း TNLA မှ ဗိုလ်မှူးချုပ် တာဘုန်းကျော်က AFP သတင်းဌာနထံသို့ ပြောဆိုသည်။

“ရှမ်းမြောက်ပိုင်းမှာ ဇူလိုင်လ ၁၄ ရက်နေ့မှ ဇူလိုင်လ ၁၈ ရက်နေ့အထိ ၄ ရက်ကြာ တရုတ်နိုင်ငံရဲ့ ပူးပေါင်းဆောင် ရွက်မှုနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီထားပါတယ်” ဟု TNLA မှ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောဆိုသည်။

သို့ရာတွင် ၄ ရက်ကြာ အပစ်ရပ်ရေးသည် မန္တလေးတိုင်းအတွင်း အကျုံးမဝင်ကြောင်း ၊ တရုတ်နိုင်ငံတွင် ဇူလိုင် လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ်မြောက် အစည်းအဝေးရှိသဖြင့်မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ ၏ ထိုးစစ်ရပ်နားထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- TNLA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article