ဒီကနေ့ ဇူလိုင် ၁၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ နန်ကျိုင်း- စခန်းနဲ့ သီပေါ- မိုင်းရယ်နယ်စပ်က ခလရ-၂၃ စစ်တပ်စခန်းကိုပါ MNDAA က ထပ်မံသိမ်းပိုက်လိုက်ပြီး ၊ စစ်ကောင်စီ ဘက်က ကလေးတွေကို စစ်သားအဖြစ် အသုံးပြုတာတွေပါ ရှိနေတယ်လို့ MNDAA က တရားဝင် ထုတ်ပြန်ထားပါတယ်။
- အကြမ်းဖက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီး၊ တင့်ကား နဲ့ လေယာဉ်တွေကို ဖျက်ဆီးခဲ့တာမျိုးနဲ့ ယူဆောင်ပြီး အလင်းဝင်ရောက်လာတာမျိုးအပါအဝင် လက်နက်ချ အလင်းဝင်လာမယ့် စစ်ကောင်စီ တပ်သားတွေကို ငွေကျပ် သိန်း ၅၀ ကနေ သိန်း ၁ သောင်းအထိ ချီးမြင့်ပေးသွားမှာဖြစ်တယ်လို့ MNDAA ကနေ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
- မန္တလေးတိုင်းက တောင်သာမြို့မှာ အကြမ်းဖက် စစ်ကောင်စီတပ်စွဲထားတဲ့နေရာနဲ့ စစ်တပ်ထောက် ပို့ကား ၁ စီးကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ ခမရ ၁၅ က ဒုအရာခံ ဗိုလ်တွေ အပါအဝင် စစ်သုံ့ပန်း ၁၄ ဦးကို လက်နက်ခဲယမ်းတွေနဲ့ အတူ အရှင် ဖမ်းဆီးရမိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar