■ အေလာ လေဆိပ် တာဝန်ခံကိုလည်း စစ်တပ်က ဖမ်းဆီး စစ်ဆေးနေ
ရန်ကုန်၊ ဇူလိုင် ၁၇
နေပြည်တော် အေလာ လေတပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရာတွင် Drone ထားရှိရာ ဂိုဒေါင်ပြိုကျ၍ အရာရှိ ၃ ဦးနှင့် တပ်သား ၁၅ ဦး ထပ်မံသေဆုံးသွားခဲ့သည့်အတွက် စုစုပေါင်း သေဆုံးသူ ၃၄ ဦးထိရှိလာကြောင်း Brave Warriors for Myanmar-BWM အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယင်း တိုက်ခိုက်မှု အတွင်း အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ရန် အရှိန်မြင့် အသုံးပြုနေသည့် အကြမ်းဖက် စစ်ကောင်စီက ထပ်မံဝယ်ယူထားတဲ့ Drone များကို ပြောင်းရွှေ့နေရင်း ဂိုဒေါင်ပြိုကျသည့် အတွက် အရာရှိ ၃ ဦးနှင့် ရဲဘော် ၁၅ ဦးထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၁ မိနစ်ခန့်တွင် နေပြည်တော် အေလာလေတပ်စခန်းကို တိုက်ခိုက်မှုအတွင်း ထိခိုက်မှုများနှင့်ပတ်သက်၍ ကနဦး စုံစမ်းသိရှိမှုအရ လေတပ်အရာရှိ ၄ ဦးနှင့် လေတပ်အခြား အဆင့်စစ်သည် ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အရာရှိ ၃ ဦးနှင့် ရဲဘော် ၁၅ ဦးသည် ယမန်နေ့ ကြေညာချက်တွင် ပျောက်ဆုံးနေသည်ဟု ဖော်ပြခဲ့ကြောင်း၊ သို့ရာတွင် ထပ်မံကြားသိရသော သတင်းများအရ ဒရုန်းထားရှိသော ဂိုဒေါင်ပြိုကျမှုကြောင့် ၎င်း ၁၅ ဦးနှင့် ပျောက်ဆုံး နေသည်ဟုဆိုသော အရာရှိ ၃ ဦးမှာ သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း အတွင်းသတင်းရင်းမြစ်များအရ သိရှိရပြီး ထို့ကြောင့် အေလာလေတပ်စခန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ သေဆုံးသူ စုစုပေါင်း ၃၄ ဦးရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရှော့တိုက်ဒုံးထိမှန်ပြီး အေလာလေတပ်ရှိ အဆိပ်ငွေ့ ဗုံး ပြင်ဆင်သည့် ဂိုဒေါင်ရုံလည်း ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်မှ ယခုနှစ် အစပိုင်းမှ စ၍ ရှမ်းတောင်၊ ကရင်နီ ၊ တောင်ပိုင်းတို့တွင် အဆိပ်ငွေ့ ဓာတုဗုံးများကို ရက်စက်စွာ အသုံးပြုလာပြီး မကြာမီက ရှမ်းမြောက် တိုက်ပွဲများတွင်လည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြောင်း အထောက် အထားများနှင့်တွေ့ရပြီး ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအပေါ် အဆိပ်ငွေ့ဗုံးပစ်လွှတ်ပြီး အစုလိုက်အပြုံလိုက် မူးမေ့သွားမှ စကစမှ လေကြောင်း (သို့မဟုတ်) Drone များဖြင့် ထိရောက်စွာ ဗုံးကျဲ သတ်ဖြတ်ကြောင်း သိရသည်။
ဧပြီ ၁၁ ရက်နေ့က BWM က စီမံသည့် အေလာ မစ်ရှင်တွင် တစ်ကြိမ်၊ ဇူလိုင်လ ၁၆ ရက်နေ့က မစ်ရှင်တွင်တစ်ကြိမ် ၊ BWM နှင့် မဟာမိတ်အဖွဲ့များအနေဖြင့် စစ်ကောင်စီ၏ အဆိပ်ငွေ့ဗုံးဂိုဒေါင်ရုံကို ထိခိုက်စေခဲ့သည်မှာ ၂ ကြိမ်ရှိပြီဖြစ်ကြောင်း အတွင်း သတင်းရင်းမြစ်၏ ပေးပို့ ချက်များအရ သိရပြီး စစ်ကောင်စီ ၏ လူသတ်လက်နက် ဓာတုဗုံး (အဆိပ်ဗုံး) များကို အေလာလေဆိပ် အတွင်းမှာ သိုလှောင်ရုံ ပဲလား (သို့မဟုတ်) အေလာလေဆိပ်အတွင်း ထုတ်လုပ်နေလား ဆိုသည်ကို ဆက်လက်စုံစမ်းနေကြောင်း သိရှိရသည်။
“ပုံတွေဘာတွေတော့ ရဖို့ခက်ပါတယ်။ လောလောဆယ် အေလာ လေဆိပ်တာဝန်ခံကို စကစက ဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်” ဟု Brave Warriors for Myanmar-BWM အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
Brave Warriors for Myanmar (BWM) နှင့် မဟာမိတ်အဖွဲ့များမှ ရဲဘော်များသည် အေလာ လေတပ်စခန်းကို တိုက်ခိုက်ပြီးနောက် ဌာနေစခန်း အသီးသီးကို ဘေးကင်း လုံခြုံစွာ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည့် အတွက် အကြမ်းဖက် စစ်ကောင်စီဘက်က ဖမ်းဆီးရမိသည်ဟူသော သတင်းများမှာ ဝါဒဖြန့်သတင်းအမှားများသာ ဖြစ်ကြောင်း သိရသည်။
“အခုသူတို့ဖမ်းသွားတာက ရှော့ဒုံးပစ်တဲ့နေရာလို့ သူတို့ယူဆရတဲ့နေရာဝန်းကျင်က ရွာတွေက ရွာသားတွေဖြစ်ပါတယ်၊ အချို့ကနွားကျောင်းနေရင်း၊ အချို့က မြက်ရိတ်နေရင်း တောသူတောင်သားရိုးရိုးပြည်သူတွေကို ဝင်ဖမ်းသွားတာပါ၊ ကျနော်တို့ရဲဘော်တွေအားလုံးက သူတို့ဌာနေစခန်းအသီးသီးကို ဘေးကင်းလုံခြုံစွာပြ့န်ရောက်နေကြပါပြီ” ဟု Brave Warriors for Myanmar-BWM အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံတကာ ဥပဒေနောက်တစ်မျိုးကို ထပ်မံချိုးဖောက်နေကြောင်း သက်သေ နှင့်တကွ တင်ပြရန် တာဝန်သိ ပြည်သူများကလည်း ကူညီစုံစမ်းပေးရန် တောင်းဆိုကြောင်း၊ BWM အဖွဲ့ ကလည်း တော်လှ န်ရေးအတွက် အရေး ကြီးသည့် အချိန်တွင် တာဝန်သိစိတ်ဖြင့် အရေးပါသော လေတပ်ဖြိုမည့် မစ်ရှင်များကို ပိုမိုကြိုးစား လုပ်ဆောင်ရန် အစွမ်းကုန် ဆက်လက်ကြိုးပမ်းမည် ဖြစ်ပြီး ပြည်သူများလည်း ဆက်လက်ဝန်းရံကြရန် တောင်းဆိုကြောင်း၊ တဆက်တည်းမှာလည်း မြောက်ပိုင်းအဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို အထူးကြိုဆိုကြောင်း Brave Warriors for Myanmar-BWM အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar