29 C
Yangon

မကွေး၊ ကျောက်ထုအမြောက်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇူလိုင် ၁၈

မကွေးတိုင်း၊ ကျောက်ထုမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ အမြောက်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက် ကြီး ဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ဦး ၂ ဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်းတန်းမှ ကိုအောင် ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့ ည ၈ နာရီခန့်အချိန် ကျောက်ထုမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ အမြောက်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် အနောက်တောင်၊ အနောက်၊ အနောက်မြောက်ဘက် အရပ် မျက်နှာတို့ကို ၁၇ ချက်ခန့်ပစ်ခတ်ခဲ့ရာ ကြန်တောကျေးရွာထဲရိ နေအိမ်တစ်လုံးပေါ်သို့ လက် နက်ကြီး ကျည်တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၅ နှစ်အရွယ် ဦးဝင်းအောင်မှာ ဦးခေါင်းနောက်စေ့မှ လက်နက်ကြီးကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး သေဆုံးခဲ့ကြောင်း၊ အသက် ၆၃ နှစ်အရွယ် ဦးသိန်းဝင်း၊ အသက် ၄၆ နှစ်အရွယ် ဒေါ်ခင်သန်းအေးတို့မှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ ကြောင်း သိရသည်။

“တိုက်ပွဲမရှိဘဲ နဲ့ အနီးအနားပတ်ဝန်းကျင်ရွာတွေကို ၁၂၀ မမတွေနဲ့ ရမ်းထုနေတာ၊ အရင်နေ့တွေက တော့ ရွာနားတွေကျတာရှိတယ်၊ စာသင်ကျောင်းပေါ်တွေကျတယ်၊ ပြည်သူတော့မထိဘူးပေါ့၊ နွား တစ်ကောင်တော့ ထိတာရှိတယ်၊ မနေ့ညကတော့ ကြန်တောရွာက နေအိမ်ပေါ် တည့်ကျသွားတယ်။ အဲဒီမှာ နေအိမ်ပေါ်မှာရှိတဲ့ ၃ ယောက်လုံး လက်နက်ကြီးစထိတာပေါ့၊ ဦးဝင်းအောင် ၅၅ နှစ်က ထိပြီး တော့မကြာဘူးဆုံးသွားတာ၊ နောက်စေ့ကနေ ရှေ့ဘယ်ဘက်မျက်နှာဖောက်ထွက်သွားတာ၊ ဒဏ်ရာ ရတဲ့သူတွေကို သက်ဆိုင်ရာအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး ကူညီပေးထားတယ်၊ ဒဏ်ရာပြင်းထန်လို့ ဆေးရုံ ကြီးကို လွှဲမယ်လို့ သိရတယ်။ နေအိမ်ကတော့ လုံးဝပျက်စီးတယ်” ဟု ယောအလင်းတန်းမှ ကိုအောင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ကျောက်ထုအမြောက်တပ်တွင် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဘုန်းဝင်း (အပတ်စဉ် ၄၅) က ဦးဆောင်နေပြီး ဇူလိုင်လ ၁၅ ရက် ညပိုင်းမှစ၍ အနီးအနားကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း၊ ပြည်သူများ အနေဖြင့် နေအိမ် အပေါ်ထပ်များတွင် အိပ်စက်ခြင်းမပြုဘဲ လက်နက်ကြီး ဒဏ်ခံနိုင် သည့် အမိုးအကာများအောက်တွင် သတိဝရိယရှိရှိဖြင့်နေထိုင်အိပ်စက်ကြရန် ယောအလင်းတန်းက မေတ္တာရပ်ခံထားသည်။

“ပြည်သူတွေ တစ်ချို့ကလည်း ရှောင်ကြပါတယ်၊ ဒါပေမယ့် လက်ရှိက လယ်လုပ်ချိန်ဖြစ်နေတော့ ရှောင်လို့က မရဘူး၊ ကောက်စိုက်ချိန်ဖြစ်နေတာကိုး၊ ဒီအချိန်ကလေ။ ပြည်သူတွေအနေနဲ့ကတော့ ညဘက်တွေဆိုရင် အတတ်နိုင်ဆုံး အိမ်အပေါ်ထပ်တွေမှာ မအိပ်ကြဖို့၊ အောက်ထပ်တွေမှာပဲ ဆင်း အိပ်ကြဖို့ပဲ သတိပေးချင်ပါတယ်” ဟု ယောအလင်းတန်းမှ ကိုအောင်ကြီးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article