ရန်ကုန်၊ ဇူလိုင် ၁၈
မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်တွင် လက်နက်ကြီးကျည်ထိမှန်၍ ကုန်းမြင့်သာယာရပ်ကွက်မှ အမျိုးသား ၃ ဦးသေဆုံးပြီး သီလရှင်ကျောင်းတိုက်လည်း လက်နက်ကြီးထိမှန်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နံနက်ပိုင်းမှစတင်ပြီးမိုးကုတ်မြို့အရှေ့ပိုင်းတွင်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် တောက် လျှောက်ပစ်ခတ်ခဲ့ရာ ကုန်းမြင့်သာယာရပ်ကွက်အတွင်း ကျရောက်ပြီးပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
“ကုန်မြင့်သာယာရပ်ကွက်ထဲရော သီလရှင်ကျောင်းမှာရော လက်နက်ကြီးကျတယ်။ လက်နက်ကြီးကျည်အခွံ့တွေ တွေ့ရတယ်။ အဲဒီမှာ လက်နက်ကြီးကျည်ထိပြီး အမျိုးသား ၃ ဦးသေဆုံးတယ်။ သေဆုံးသူတွေကတော့ ကိုဇင်၊ ဦးမောင်ထွေး၊ ဦးတင်မောင်အေးတို့ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။ သီလရှင်ကျောင်းမှာလည်း လက်နက်ကြီးတွေထိတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မိုးကုတ်မြို့ အနောက်ပိုင်းကို TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် မိုးကုတ်မြို့ အရှေ့ပိုင်းတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် တောက် လျှောက် ဆိုသလို ပစ်ခတ်မှုများလုပ်ဆောင်နေကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar