32 C
Yangon

သံတွဲလေဆိပ်ကို စွန့်ခွာမှုဖြင့် နယ်မြေခံတပ်အရာရှိကြီးတချို့၊ လေဆိပ်လုံခြုံရေး ရဲနှင့်ရဲမေများကို စစ်တပ်က ဖမ်းဆီးပြီး ထောင်ချထား၊ ငပလီဟိုတယ်ဇုန်နှင့် သံတွဲလေဆိပ်၊ သံတွဲမြို့ကို မဖြစ်မနေ ပြန်သိမ်းရန် စစ်ခေါင်းဆောင် အမိန့်ပေး

Must read

ရန်ကုန်၊ ဇူလိုင် ၁၈

ရခိုင်ပြည်၊ သံတွဲလေဆိပ်ကို စွန့်ခွာမှုဖြင့် သံတွဲနယ်မြေခံစစ်တပ်၏ ထိပ်ပိုင်းအရာရှိကြီးတချို့၊ လေဆိပ်လုံခြုံရေး ရဲနှင့်ရဲမေများကို စစ်တပ်က ဖမ်းဆီးပြီး ထောင်ချထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဇူလိုင်လ ၅ ရက်နေ့တွင် AA က သံတွဲလေဆိပ်ကို သိမ်းပိုက်လိုက်ပြီး လေဆိပ်ကိုလည်း ရခိုင်တပ်တော်က ထိန်းချုပ်လိုက်ကြောင်း တရားဝင်ကြေညာခဲ့ကြောင်း၊ ထိုသို့ ကြေညာပြီးနောက် သံတွဲလေဆိပ်မှ ပြန်လည် ဆုတ်ခွာလာသော စစ်ကောင်စီတပ်မှ ထိပ်ပိုင်းတာဝန်ရှိသူတချို့၊ လေဆိပ်ဝန်ထမ်း လုံခြုံ ရေးရဲနှင့်ရဲမေများကို စစ်တပ်က ပြန်လည် ဖမ်းဆီးပြီး ထောင်ချထားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ငပလီမဇင်လေဆိပ် ဝန်ထမ်း ရဲတွေနဲ့ ရဲမေတွေကို စခန်းစွန့်ခွာမှုနဲ့ ဆုတ်ခွာလာသူတွေကို အကုန်ဖမ်းထားတယ်။ သံတွဲနယ်မြေခံတပ်အရာရှိကြီးတချို့လည်း လေဆိပ်ကို စွန့်ခွာမှုနဲ့ အဖမ်းခံထားရတာရှိတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက ငပလီဟိုတယ်ဇုန်နှင့် သံတွဲလေဆိပ်၊ သံတွဲမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရေး မဖြစ်မနေ လုပ်ဆောင်ရန် တပ်များကို စစ်ခေါင်း ဆောင်မင်းအောင်လှိုင်က အမိန့်ပေးညွှန်ကြားထားကြောင်း၊ ထို့ကြောင့် လေကြောင်း၊ ရေကြောင်းနှင့် ကြည်းတပ်တို့က ပူးပေါင်းပြီး သံတွဲမြို့နယ် ပြန်လည် သိမ်းယူရေး တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – AA တပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသော သံတွဲလေဆိပ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

AA တပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသော သံတွဲလေဆိပ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article