32 C
Yangon

မတ္တရာမြို့နယ်မှ စခန်းစွန့်ခွာ ထွက်ပြေးသွားသော စစ်ကောင်စီ တပ်သားများ ကြားဖြတ် တိုက်ခိုက်မှု ၂ ဦး အရှင်မိပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၁၈

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှ စခန်းစွန့်ခွာ ထွက်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ ၂ ဦး အရှင်မိပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းမှ တပ်ထောက် တာဝန်ခံ ကိုနေမျိုးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၈ ရက်နေ့တွင် မတ္တရာမြို့နယ်အတွင်း MDY PDFနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်းမှ ဆုတ်ခွာ ထွက်ပြေးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း နှင့် နယ်မြေခံ ပကဖ များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကြပ် ၁ ဦး နှင့် တပ်သား ၁ ဦးကို အရှင်ဖမ်းဆီး နိုင်ခဲ့ပြီး ကျန်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်ပျက်၍ ထွက်ပြေးသွားကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ MA -11 သေနတ် ၁ လက် ၊ G-3 သေနတ် ၁ လက်နှင့် BA-100 ၆၀ မမ ကွန်မန်ဒို စိန်ပြောင်း ၁ ခု တို့ သိမ်းဆည်း နိုင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article