32 C
Yangon

ရန်ကုန်တွင် အာဇာနည်နေ့ လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ စစ်အာဏာ ရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

Must read

ရန်ကုန်၊ ဇူလိုင် ၁၉

ရန်ကုန်တွင် ယနေ့ အာဇာနည်နေ့ အဖြစ် အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးအင်မတန်တင်းကြပ်ထားသည့်ကြားမှ “ဦးအောင်ဆန်းရေ အာဏာရှင်တစုကြောင့် လူထုမျက်ရည်ကျနေရပြီ” ဟူသော စာတန်းချိတ်ဆွဲခြင်းပြီး စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike)က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ကြသည်။

ယခုမျက်မှောက်ကာလတွင် မင်းအောင်လှိုင် ဦးဆောင်သောလူတစ်စုက အကြမ်း ဖက်စစ်အာဏာသိမ်းထားမှုကြောင့် တိုင်း ပြည်နိုင်ငံမှာ အဖက်ဖက်မှ ပြိုကျပျက်စီးနေပြီး ပြည်သူလူထုတစ်ရပ်လုံးမှာ အခက်အခဲ၊အကြပ်အတည်း မျိုးစုံ ကြုံတွေ့ခံစားရလျက်ရှိကြောင်း၊ ဤကဲ့သို့သော အခြေအနေတွင် “တိုင်းပြည် နှင့်ပြည်သူလူထုကိုသာ ရှေ့တန်းတင်ပြီး ဆောင်ရွက်တတ်သော တပ်မတော်၏တည်ထောင်သူ ဦးအောင်ဆန်းလို ဗိုလ်ချုပ်မျိုးကို လွမ်းဆွတ်တမ်းတသောရည်ရွယ်ချက်ဖြင့်” ယခုလှုပ်ရှားမှုကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike) က အဆိုပါ လှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article