26 C
Yangon

ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာရှိ စစ်ကောင်စီ တပ်သားများစုဝေး နေထိုင်နေသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ရေဦးမြို့ တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသော စစ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၁၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများစုဝေး နေထိုင်နေသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မဟူရာရွှေဘိုသား (LPDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင် ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာ၌ ကူးတို့ဆိပ်ရွာ နှင့် မြင်းစီးရွာမှ စစ်သား ၊ ရဲ နှင့် ပျူစောထီးများ စုစည်း နေထိုင်နေသော နေရာများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ စခန်းစွန့်ခွာဖို့ ရည်ရွယ်ပြီး ကျွန်တော်တို့ မဟာမိတ် တပ်ဖွဲ့တွေ ဒရုန်း ဗုံးသီးများစွာ ကျဲချ တိုက်ခိုက်ခဲ့ပါတယ်။ ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူး။ စစ်ခွေးတွေ ထိခိုက်တာတွေတော့ ရှိတယ်” ဟု မဟူရာရွှေဘိုသား (LPDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မဟူရာရွှေဘိုသား (LPDF) ၊ Anyar Defence Force – Drone အဖွဲ့ ၊ ကြောင်ရိုင်းပြည်သူ့ကွယ်ရေး – ရွှေဘိုအဖွဲ့ ၊ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေး – ရွှေဘို အဖွဲ့ ၊ DaungMann အဖွဲ့ ၊ Flying Dragon Forces အဖွဲ့ ၊ စွန်ရဲ – ရွှေဘို(LPDF) ၊ ဇေယျသွေးပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ShweBo Federal Armyအဖွဲ့ ၊ ဗိုလ်မဟာပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် 96 soldiers PDFတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ရော့ကတ်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အ ဖြစ် ရေဦးမြို့တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို Rocket ဒုံံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်အတွင်း ကျရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေ ဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF Rocket တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article