မုန်တိုင်းကြားက သက်တံများအဖွဲ့နှင့် စမ်းချောင်း ပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်း၍ အာဇာနည်များနှင့် မြင့်မြတ်စွာကျဆုံးသွားသော တော်လှန်ရေးရဲဘော်များကို အလေးပြု
ရန်ကုန်၊ ဇူလိုင် ၁၉
မုန်တိုင်းကြားက သက်တံများအဖွဲ့နှင့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ပြည်သူများ၏ ခံစားချက်များ၊ တော်လှန်ရေးညီအစ်ကိုမောင်နှမများ၏ စိတ်ဓာတ်များ ပြင်းထန်နေတုန်း ခိုင်မာနေတုန်းဆိုသည်ကို ပြသသည့် အနေနှင့် အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွနွေဦးတော်လှန်ရေးအတွင်း မြင့်မြတ်စွာကျဆုံးသွားသောတော်လှန်ရေးရဲဘော်များအားလုံးကို လွမ်းဆွတ်သတိရပြီးအလေးပြုခဲ့ကြောင်း သိရှိရသည်။