ဖားကန့်တွင် ၇၇ နှစ်မြောက် အာဇာနည်နေ့အဖြစ် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် သပိတ်မှောက်
ရန်ကုန်၊ ဇူလိုင် ၁၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဇူလိုင် ၁၉ ရက်နေ့တွင် ၇၇ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနား နှင့် စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေး လုထု သပိတ်ပြုလုပ်ခဲ့ကြသည်။
ဖားကန့်ပြည်သူများက အာဇာနည် ၉ ဦးနှင့်တကွ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး နှင့် နွေဦးတော်လှန်ရေးတွင် အသက်ပေးခဲ့ကြသော ပြည်သူများ ၊ KIA PDF နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း အသီးသီးမှ အာဇာနည်သူရဲကောင်းများ အတွက်လည်း ဆုတောင်းချီတက်ခဲ့ကြသည်။


