30 C
Yangon

ရန်ကုန်မြို့၊ လသာ ၁၉ လမ်းရှိ စစ်ကောင်စီနှင့်ဆက်နွယ်နေသူများ သောက်စားမူးယစ်ရာ နေရာ Black House Bar ကို ဖောက်ခွဲတိုက်ခိုက်မှု လူ ၃ ဦးဒဏ်ရာရ ၊ ယင်းဆိုင်တွင် မူးယစ်ဆေးဝါးပါ ရောင်းချနေဟုဆို

Must read

ရန်ကုန်မြို့၊ လသာ ၁၉ လမ်းရှိ စစ်ကောင်စီနှင့်ဆက်နွယ်နေသူများ သောက်စားမူးယစ်ရာ နေရာ Black House Bar ကို ဖောက်ခွဲတိုက်ခိုက်မှု လူ ၃ ဦးဒဏ်ရာရ ၊ ယင်းဆိုင်တွင် မူးယစ်ဆေးဝါးပါ ရောင်းချနေဟုဆို

ရန်ကုန်၊ ဇူလိုင် ၂၂

ရန်ကုန်မြို့၊ လသာ ၁၉ လမ်းရှိ စစ်ကောင်စီနှင့်ဆက်နွယ်နေသူများ သောက်စားမူးယစ်ရာ နေရာဖြစ်သော Black House Bar ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ လူ ၃ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင် ၂၁ ရက်နေ့ ည ၁၀ နာရီ ၂၇ မိနစ်အချိန် လသာမြို့နယ်၊ ၁၉ လမ်းရှိ “Black House Bar” ကို Urban Special Ranger Force တပ်ဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ Bar သည် စစ်ကောင်စီနှင့် ဆက်နွယ်သော အသိုင်း အဝိုင်းမှ လူများ သောက်စားမူးယစ်ရာ နေရာဖြစ်ပြီး မူးယစ်ဆေးဝါးများ ရောင်းချ ရာနေရာဟုလည်း သတင်းရရှိထားသောကြောင့် စစ်ကောင်စီ၏ စီးပွားရေးဆိုင်ရာ ပစ်မှတ်အဖြစ် သတ်မှတ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Urban Special Ranger Force တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“”ပေါက်ကွဲမှုဖြစ်စဉ်မှာ အသက် ၄၀ ဝန်းကျင်လူကြီးပိုင်းတစ်ယောက် လည်ပင်းပေါက်ပြီး သွေးထွက်နေတယ်။ နောက်လူငယ်တစ်ယောက် ခြေထောက်မှာ ဗုံးစတွေ မှန်ပြီး ထိခိုက်မှုရှိတယ်။ နောက်ထပ်လူငယ်တစ်ယောက် နားရွက်ထိပြီး သွေးတွေထွက်နေတယ်။ လသာ ၁၉ လမ်းတစ်ခုလုံး ကသောင်းကနင်းဖြစ်ကုန်ကြပြီး ဆိုင်တွေအကုန်ပိတ်သိမ်းပြေးကုန်ကြတယ်။ ခဏနေတော့ စစ်ကား DC တွေ ရောက်လာတယ်” ဟု ဗုံးပေါက်ကွဲမှုကို မျက်မြင်တွေ့မြင်ခဲ့သူတစ်ဦးက ရှင်းပြ သည်။

ဗုံးဖောက်ခွဲမှုကို ဆောင်ရွက်ခဲ့သော “Urban Special Ranger Force” အဖွဲ့ကမူ ၎င်းတို့အနေဖြင့် ၂၀၂၁ ခုနှစ် ၊ မေလ ၂ ရက်နေ့မှစတင်၍ လက်နက်ကိုင် လမ်းစဥ်အပေါ် စတင် လျှောက်လှမ်းခဲ့ကြောင်း၊ စစ်ကောင်စီ၏ လက်ကိုင်ဒုတ် သတင်းပေး ဒလန်များကို တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း ၊ စစ်ကောင်စီတပ်များကို တိုက်ခိုက်သည့် မစ်ရှင်များကို ပိုမို ကြိုးစားလုပ်ဆောင် သွားမည် ဖြစ် ကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Agency။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article