24 C
Yangon

မြင်းမူမြို့နယ်၊ ထီးဆောင်းရွာရှိ စစ်တပ် အထိုင်စခန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး

Must read

မြင်းမူမြို့နယ်၊ ထီးဆောင်းရွာရှိ စစ်တပ် အထိုင်စခန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၄

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း People’s knight Defense Force Myinmu မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့် နှင့် ဇူလိုင်လ ၂၄ ရက် နံနက် ၆ နာရီခန့်တွင် မြင်းမူမြို့နယ်၊ ထီးဆောင်းရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၁၁ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ ဂိတ်စခန်းကို တည့်တည့်မတ်မတ် ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖ လက်အောက်ခံ People’s knight Defense Force Myinmu (PKDF-MMU)နှင့်အတူ စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်း၊ National Security Force ( NSF) ညီနောင်မဟာမိတ်အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article