28 C
Yangon

လားရှိုးမြို့ကို MNDAA က တိုက်ခိုက်ချိန် အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးနှင့် အရှေ့ မြောက်တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်တို့ စကားများကြရာမှ တိုင်းမှူး က ကစထမှူးကို ဆဲဆိုသဖြင့် တိုင်းမှူး ရာထူး ချခံရသည့်အပြင် အရေး ယူခံရမည်

Must read

လားရှိုးမြို့ကို MNDAA က တိုက်ခိုက်ချိန် အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးနှင့် အရှေ့ မြောက်တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်တို့ စကားများကြရာမှ တိုင်းမှူး က ကစထမှူးကို ဆဲဆိုသဖြင့် တိုင်းမှူး ရာထူး ချခံရသည့်အပြင် အရေး ယူခံရမည်

■ ရမခ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်နှင့်တိုင်းမှူးသစ် ဗိုလ်မှူးချုပ် စိုးလှိုင်တို့ ၂ ဦးစလုံး မူဆယ်တွင် သောင် တင်နေ

ရန်ကုန်၊ ဇူလိုင် ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို MNDAA က တိုက်ခိုက်ချိန် အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ် ကြီး နိုင်နိုင်ဦးနှင့် အရှေ့ မြောက် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့် တို့ စကားများကြရာမှ ဗိုလ်ချုပ်စိုးတင့်က ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးကို ဆဲဆိုသဖြင့် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်မှာ ရာထူးမှ အနားပေးခံရသည့်အပြင် တပ်မတော်စစ်စည်းကမ်းများနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း သိရှိရသည်။

ဇူလိုင် ၃ ရက်နေ့မှစတင်ပြီး MNDAA က လားရှိုးမြို့ကို စတင်တိုက်ခိုက်ခဲ့ကြောင်း၊ လားရှိုးမြို့ မကျစေရေး ခုခံရေးနှင့် စစ်ဆင်ရေးကို အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးက ဦးဆောင်ပြီး ရမခ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်က အကောင် အထည် ဖော်ရကြောင်း၊ ထိုသို့ ပူးတွဲဆောင်ရွက်စဉ် စစ်တပ် အထိ နာပြီး တဖြည်းဖြည်း မြို့တွင်း ဆုတ်ခွာလာရကြောင်း၊ ရမခတိုင်းမှူး စိုးတင့်က မူဆယ်မြို့သို့ သွားရောက်ပြီး စစ်ဆင်ရေးကို ဆက်လက်ကွပ်ကဲခဲ့ကြောင်း၊ လားရှိုးတွင် စစ်တပ် အထိနာမှုများအတွက် အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးက ရမခတိုင်းမှူး ဗိုလ်ချုပ်စိုးတင့်ကို အပြစ်တင်ကြောင်း၊ ရမခ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်က မခံနိုင်သဖြင့် အပြန်အလှန်စကားများကြရာမှ ဗိုလ်ချုပ်စိုးတင့်က အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ် ကြီး နိုင်နိုင်ဦးကို ဆဲဆိုခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဆဲဆိုမှုကို အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးက စစ်ခေါင်း ဆောင် မင်းအောင်လှိုင်ကို တိုင်ကြားခဲ့ကြောင်း၊ စစ်ခေါင်းဆောင်က ရမခတိုင်း မှူး ဗိုလ်ချုပ်စိုးတင့်ကို တိုင်းမှူး ရာထူးမှချပြီး တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် စိုးလှိုင်ကို ရမခ တိုင်းမှူးအဖြစ် ဇူလိုင်လလယ်ပိုင်းတွင် ချက်ချင်းအစား ထိုးခဲ့ကြောင်း သိရှိရသည်။

“ရမခ တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်က ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးကို ကိုဆဲတယ်။ ဆဲတော့ တိုင်းမှူးနေရာ ချက်ချင်း အလဲခံရတယ်။ အရေးယူတာလည်း ခံရမယ်။ ရမခ တိုင်းမှူးအသစ်က ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် စိုးလှိုင်။ တိုင်းမှူးဟောင်းရော အသစ်ရောက မူဆယ်မှာရှိနေတယ်။ မူဆယ်က​နေ လားရှိုးကို ရဟတ်ယာဥ်မသွားရဲလို့ ၂​ ယောက်စလုံး မူဆယ်မှာ ​နေမြဲ ဖြစ်​နေကြတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အမှတ် ၂ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးသည် အသက် ၅၃ နှစ်ဝန်း ကျင် ရှိကာ စစ်တက္ကသိုလ် အပတ်စဉ် ၃၅ ဆင်းဖြစ်ကြောင်း၊ ဆဲဆိုခဲ့သော တိုင်း မှူး ဗိုလ်ချုပ် စိုးတင့်သည် တေဇ ၁၆ ဆင်းဖြစ်ကာ အသက် ၅၆ နှစ်ဝန်း ကျင် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် MNDAA က လားရှိုးမြို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့တွင် တ ရားဝင် ကြေညာခဲ့ပြီး အုပ်ချုပ်ရေးကော်မတီဖွဲ့စည်းကာ အုပ်ချုပ်မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပြီးဖြစ်သည်။

ဓာတ်ပုံ- အမှတ် ၂ ကစထမှူး မဖြစ်ခင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်ခဲ့ချိန်က ဗိုလ်ချုပ်နိုင်နိုင်ဦး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article