32 C
Yangon

ဖြူးမြို့နယ်၊ ညောင်ပင်သာ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ရဲ ၁ ဦး သေဆုံး

Must read

ဖြူးမြို့နယ်၊ ညောင်ပင်သာ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ရဲ ၁ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၃၀

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ပင်သာ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး သေဆုံးခဲ့ကြောင်း ဖြူးမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ ညောင်ပင်သာ ရဲစခန်းကို ဖြူးမြို့နယ် ပကဖ Drone အဖွဲ့ကDrone ဖြင့် ဗုံးသီး ၂ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ထိခိုက် ဒဏ်ရာရရှိသူများကို ညောင်ပင်သာဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“နှစ်ကြိမ်ချခဲ့တာ၊ ပထမ ၁ လုံးက ကွဲတယ်၊ နောက် ၁ လုံးက မကွဲဘူး။ ဒဏ်ရာရတဲ့ ရဲခွေး ၂ ဦးကတော့ ညောင်ပင်သာဆေးရုံမှာ တင်ထားတယ်။ ရဲစခန်းမှာတော့ အင်အားက ၂၀ လောက်ရှိတာ ဒီနေ့ ဗုံးကျဲတာတော့ ပြန်မပစ်ဘူး။ မနေ့က အပြင်ထွက်လာလို့ မိုင်းခွဲလိုက်တာတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်” ဟု ဖြူးမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန့်နေ့ ဇူလိုင်လ ၂၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ညောင်ပင်သာရဲစခန်းမှ ရဲများသည် ဆိုင်ကယ်များ ဖြင့် ညောင်ပင်သာကျေးရွာအတွင်း ဝင်ရောက်ပြီး ပြည်သူများကို ဖမ်းဆီး ငွေညှစ်ကာ ညောင်ပင်သာမြို့ အရှေ့ဘက်သို့ ထွက်လာစဉ် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း ရဲများ ထိခိုက်သေဆုံးမှု ရှိမရှိ အတည်မပြုနိုင်သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article