ရန်ကုန်၊ ဇူလိုင် ၃၁
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း Scorpions People Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသည် G-3 သေနတ် ၁ လက် ယူဆောင်လာပြီး တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်ရောက်ခဲ့သောကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ တောင်သာ ပကဖ အနေနဲ့တော့ သိန်းငါးဆယ် ချီးမြှင့်လိုက်တယ်။ ပြည်သူလူထုက သပ်သပ် ချီးမြှင့်ငွေက စာရင်းအတိအကျ မရသေးဘူး။ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်ကြီးတွေ အတွက် လုံး၀ ပေးဆပ်ဖို့ မလိုဘူး ပြည်သူ့ဘက်ကို ဂုဏ်သိက္ခာရှိစွာ ပြောင်းပြီး ပြည်သူ့ရင်ခွင် ခိုလှုံလိုက်ပါ” ဟု Scorpions People Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ အလင်းဝင်လာသော စစ်ကောင်စီ တပ်သားကို လွတ်မြောက်နယ်မြေ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း Royal Eagle PDF အဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ ၃၀ ရက်နေ့တွင် Royal Eagle – PDF ထံကို ရေစကြိုမြို့နယ်တွင် တာဝန်ထမ်းနေသော ရတဖ ၁၉ မှ ရဲတပ်ကြပ် အောင်မြတ်သူ က M-16 ၁ လက်နှင့် 5.56 ကျည် ၂၀၀ ယူဆောင်လာပြီး အလင်းဝင် ရောက်လာခြင်းဖြစ်ပြီး ဆုကြေးငွေ သိန်း ၃၀ ချီးမြှင့်ကာ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar