ရန်ကုန်၊ ဩဂုတ် ၁
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဝါးထိုးချောင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး ပျက်စီးကျန်ရစ်နေသော စစ်ကားကို လာသယ်သည့် စစ်တပ် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ ၂ တပ်မဟာ လက်အောက်ခံ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ (KenniTwilightZone) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန် တောင်ငူမြို့နယ် ထိုးဝါးချောင်းတွင် တိုက်ပွဲဖြစ်ပွားပြီး ပျက်စီး ကျန်ခဲ့သောစစ်ကားတစ်စီးကို လာဆွဲသော စစ်တပ်စစ်ကြောင်းနှင့် စစ်ကားများကို ကျွန်းကုန်းရွာတွင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုကို KNU တပ်မဟာ ၂ ၊ တပ်ရင်း ၅ တပ်ဖွဲ့နှင့် KNLA တပ်ရင်း ၅ လက်အောက်ခံ ကမ်းနီကြားဒေသကာကွယ် ရေး တပ်ဖွဲ့ (KenniTwilightZone) က ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းမှ ကားတစ်စီးထပ်မံ ပျက်စီးခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း ၊ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ် ဝဲ အမှတ် ၈ ဝဲခမီကျေးရွာအနီး တိုက်ပွဲ အကြမ်း ဖက်စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းထံမှ သိရ သည်။
ဇူလိုင် ၂၉ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ် အချိန်ခန့်က အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်း နှစ် ကြောင်း ခွဲကာ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်သားများကို အမှတ် ၈ ပြည်ထောင်စုလမ်းမ ပေါ် ဝဲခမိ ကျေးရွာနှင့် ရွာသာအေးကျေးရွာကြားအရောက် တော်လှန်ရေးအင်အားစု ပူးပေါင်း တပ် များ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၃၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်း ဖက် စစ်သား ၆ ဦးသေဆုံးကာ ၈ ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ညိုစစ်ကြောင်း (KNLA ၊ PDF) ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ ခြင်းဖြစ် ပြီး ဝဲခမီ၊ ရွာသာအေးအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာနေပြည်သူများမှာ စစ်ဘေးလွတ်ရာတိမ်း ရှောင်နေခဲ့ကြရကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar