26 C
Yangon

ကန်ပက်လက်မြို့နယ်မှ အကြမ်းဖက်စစ်တပ်လက်အောက်ခံ Non CDM ဝန်ထမ်း ၈၈ ဦး အလင်းဝင်

Must read

ရန်ကုန်၊ ဩဂုတ် ၁

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်လက်အောက်ခံ Non CDM ဝန်ထမ်း ၈၈ ဦး အလင်းဝင်ရောက်လာကြောင်း ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုသည်။

၂၀၂၄ ခုနှစ် မေလ ၉ ရက်နေ့မှ စ၍ ရက်ပေါင်း ၆၀ အတွင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ စစ်ကောင်စီ လက်အောက်ခံ Non-CDM အလင်းဝင်ရောက်ရန် သတိပေးခဲ့ခြင်း ဖြစ်ပြီး သတ်မှတ်ကာလအတွင်း ဝန်ထမ်း ၈၈ ဦး အလင်းဝင်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရက်ပိုင်း ၆၀ အတွင်း ကန်ပက်လက်မှ Non CDM များ ရုံးလုပ်ငန်းများ ရပ်တန့်၍ အလင်းဝင်ရန်သတိပေးခဲ့ပြီးနောက် ပညာရေးဝန်ကြီးဌာန၊ လျှပ်စစ်ရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ ကျန်းမာရေးဌာန၊ လူမှုဝန်ထမ်းရုံး၊ နတ်မတောင်အမျိုးသားဥယျာဉ်နှင့် စာရင်းစစ်ရုံးများ ဝန်ထမ်း ၈၈ ဦးအလင်ဝင်လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင်ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အဝင် “လောက်နူးမြေကန်ပက်လက်မြို့မှ လှိုက် လှဲစွာ ကြိုဆိုပါ၏” မုခ်ဦးတွင် CDF ကန်ပက်လက်က ချင်းအမျိုးသား အလံတော်နှင့် CDF-Kanpetlet အလံတို့ကို ယနေ့ လွှင့်ထူလိုက်ကြောင်း သိရှိရ သည်။

ဓာတ်ပုံ – တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော ကန်ပက်လက်မြို့နယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article