24 C
Yangon

မြောင်မြို့မ ရဲစခန်းတွင် ပျူစောထီးများကို စစ်သင်တန်းပေးနေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဩဂုတ် ၁

စစ်ကိုင်းတိုင်း၊ မြောင်မြို့မ ရဲစခန်းတွင် ပျူစောထီးများကို စစ်သင်တန်းပေးနေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း CDSOM -001 Drone Team အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၃၁ ရက်နေ့၊ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် မြောင်မြို့မ ရဲစခန်းအတွင်း ငါန်းမြှာရွာနှင့် ပေါက်တောချောင်ရွာမှ ပျူစောထီးများကို စစ်သင်တန်းပေး၍ တန်းစီနေချိန်တွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၈ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” Fixed Wings ဒရုန်း ၂ စီးနဲ့ ဗုံးသီး ၈ လုံးကျဲချ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးနဲ့ ပျူစောထီးတွေ အထိအခိုက်နဲ့ အသေအပျောက် စာရင်းကိုတော့ အတည်ပြုနိုင်ဖို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု CDSOM -001 Drone Team အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ – CDSOM – 001 Drone Team က ပြူလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article