24 C
Yangon

ရန်ကုန်တိုင်းတွင် စစ်ကောင်စီ၏ လျှို့ဝှက် ညွှန်ကြားချက်အရ လူငယ် အလုပ်သမားအရေအတွက်ကို UMFCCIက ကောက်ခံပြီး စစ်ကောင်စီထံပေးပို့

Must read

ရန်ကုန်၊ ဩဂုတ် ၂

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များနှင့် စက်မှုဇုန် ပြင်ပရှိ စက်ရုံ၊ အလုပ်ရုံ၊ စီးပွားရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြသည့် လူငယ် အလုပ်သမားစာရင်းကို ကောက်ခံပေးရန် UMFCCI ကို စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားခဲ့ပြီး အလုပ် သမားဝန်ကြီးဌာနနှင့် UMCCI တို့ က ပူးပေါင်း စာရင်းကောက်ယူလျက်ရှိကာ အလုပ်သမား စာရင်းများကို စစ်ကောင်စီထံတိုက်ရိုက်ပေးပို့လျက်ရှိကြောင်း သိရှိရသည်။

အလုပ်သမားဝန်ကြီးဌာနနှင့် UMFCCI က လူငယ် အလုပ်သမားစာရင်း ကောက်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ၊ အလုပ်သမား မှတ်ပုံတင်ကတ်ပြား မရှိသည့် အလုပ်သမားများကို မှတ်ပုံတင်ရန်ဟု အကြောင်းပြကာ စာရင်းကောက်ယူနေကြောင်း၊ အမှန်တကယ်မှာ စစ်ကောင်စီက အလုပ်သမားစာရင်းများ ပြုစုပေးပို့ ရန် လျှို့ဝှက် ညွှန်ကြားချက်အရ UMFCCI မှ အထွေထွေအတွင်းရေးမှူးချုပ် အထည်ချုပ်လုပ်ငန်းရှင် ဒေါ်ခိုင်ခိုင်နွယ်က ဦးစီးဆောင်ရွက်ကောက်ခံခြင်းဖြစ်ကြောင်း၊ ညီနောင်အသင်းအဖွဲ့များ၊ စက်မှုဇုန်ကော်မတီများ၏ အကူအညီဖြင့် အလုပ်သမားစာရင်းကောက်ယူနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

သို့ရာတွင် မည်သည့်အတွက်ကြောင့် လူငယ် အလုပ်သမားများစာရင်းကို စစ်ကောင်စီတောင်းခံသည်ကို မသိရှိရသော်လည်း ထိုသို့စာရင်းတောင်းခံခြင်းမှာ အလုပ်သမားများအတွက် စိုးရိမ်ရမည့်ကိစ္စရပ်အဖြစ် အလုပ်သမားအရေး လှုပ်ရှားသူတချို့က သုံးသပ်သည်။

“စစ်မှုမထမ်းမနေရ ဥပဒေကလည်းရှိတော့ ဒါက အဲဒီအတွက်များ ကောက်သလား။ နောက်ပြီး စစ်ပွဲတွေကလည်း မြို့ပြတွေအထိပါ ကူးစက်လာတော့ ဒီလို အလုပ်သမားစာရင်းကောက်တာက လျှို့ဝှက်ကောက်ခိုင်းတယ်ဆိုတော့ ပိုပြီးတောင် မသင်္ကာစရာကောင်းတယ်။ လူငယ်အလုပ်သမားတွေအတွက် စိုးရိမ်စရာလို့ပဲ ပြောချင်ပါတယ်” ဟု လှိုင်သာယာစက်မှုဇုန်မှ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် ရန်ကုန်တိုင်း၊ စက်မှုဇုန် ၁၂ ဇုန်မှ အသင်းအဖွဲ့များ၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းတို့က ပူးပေါင်း ကောက်ခံထားသော အလုပ်သမားများစာရင်းကို စစ်ကောင်စီထံသို့ UMFCCI က တာဝန်ခံ ပေးပို့လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ၏ စစ်သားစုဆောင်းမှု ခံခဲ့ရသည့် လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီ၏ စစ်သားစုဆောင်းမှု ခံခဲ့ရသည့် လူငယ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article