ရန်ကုန်၊ ဩဂုတ် ၂
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ ခမရ ၁၅ တပ်ရင်းကို ၄၀ မမ ၊ ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးပြီး မြို့သိမ်း တိုက်ပွဲဆင်နွှဲရန် သတိပေး တိုက်ခိုက်ခြင်းဖြစ်ကြောင်း Anyar Federal Task Force (AFTF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၁ ရက်နေ့တွင် မြင်းခြံမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၅ တပ်ရင်းကို ၄၀ မမ ၊ ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၁ ဦး လည်ပင်းကို ကျည်စပေါက်ထွက်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းသို့ တိုက်ခိုက်ခြင်းသည် မကြာမီ ကာလအတွင်း တော်လှန်ရေး အင်အားစုများ အနေဖြင့် မြင်းခြံမြို့ကို သိမ်းပိုက်ရန် နီးကပ်လာကြောင်း အသိပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
” ခမရ ၁၅ ကို 40 mm တွေ တာဝေးပစ် တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ စစ်ခွေး ၁ ကောင် လည်ပင်းပေါက်ပြီးသေတယ်။ အခုလို ပစ်ခတ်ရခြင်းက မကြာမီ ကာလတွေမှာ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ စစ်ကောင်စီ တပ်တွေကို ဂရုမစိုက်ဘဲ မြို့ကိုသိမ်းပိုက်ဖို့ နီးကပ်လာကြောင်း အသိပေးခြင်းဖြစ်ပါတယ်” ဟု Anyar Federal Task Force (AFTF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Anyar Federal Task Force(AFTF) နှင့်အတူ Freedom Fighter Guerrilla Force (FFGF)နှင့် 8 Star ပြောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar