24 C
Yangon

အယ်ဒီတာ့အာဘော်

Must read

——————–

ပြည်သူလူထု မုန်းတီးစက်ဆုပ်ရွံ့ရှာသော မင်းအောင်လှိုင် စစ်တပ် ဆုံးရှုံးခြင်းသာ အမြဲရရှိတော့မည်

By ရန်ကုန်ခေတ်သစ်

လူသတ် အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ လူထု ရွေးကောက်တင်မြှောက်ထားသော နိုင်ငံတော်အစိုးရ အာဏာကို အတင်းလုယူ အာဏာသိမ်းခဲ့ပြီးနောက် တစ်နိုင်ငံလုံးနှင့် တစ်ယောက်ဆိုသလို လူထု၏ အင် အားကြီးမား သော ဆန္ဒပြလှိုင်းကြီးများကို စစ်ခေါင်းဆောင်များ ကြုံတွေ့ခဲ့ရသည်။

စစ်တပ်၏ အာဏာသိမ်းမှုကို ပြည်သူလူထုက လုံး၀ မထောက်ခံကြောင်း ငြိမ်း ချမ်းစွာ ဆန္ဒပြခဲ့သော်လည်း အကြမ်းဖက်စစ်တပ်က လက်နက်အားကိုးဖြင့် ပြည်သူများကို သတ်ဖြတ်ပြသည်။ “ခေတ်ကို ပြောင်းချင်ရင် ခေါင်းကိုပစ်”၊ “သေရဲတဲ့ကောင် ထွက်ခဲ့” ဆိုသော လူထုကို စိန်ခေါ်သော စကားများဖြင့် အကြမ်း ဆုံး အရမ်းဆုံး အရက်စက်ဆုံးဖြင့် ပြည်သူထောင်ပေါင်များစွာကို ကလေး၊ လူငယ် ၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်ပါ မကျန်စစ်တပ်က သတ်ဖြတ်ခဲ့သည်။

လူထုချစ်ခင်သော တော်လှန်ရေး ခေါင်းဆောင်များဖြစ်သည့် ကိုဂျင်မီ၊ ကိုဇေယျာသော် အပါအဝင် တော်လှန်ရေးရဲဘော်များကို ကြိုးပေးသတ်ဖြတ်ပြ သည်။ လူထုကို အကြောက်တရားဖြင့် ငြိမ်သက်သွားစေရန် ဖိနှိပ်ပြခဲ့သည်။

သို့သော် လူထုက ကြောက်မသွားဘဲ စစ်ကောင်စီကို ဆန္ဒပြခြင်း၊ လက် နက်ကိုင်ခြင်း၊ ဘူးသပိတ်များ ဆင်နွှဲခြင်း၊ စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ခြင်း စသည့် နည်းလမ်းပေါင်းစုံဖြင့် တော်လှန်ခဲ့ကြသည်။ လက်နက်အားကိုးသော စစ်တပ်ကို အသက်၊ သွေးများစွာ ရင်း၍ တက်ကြွသော လူငယ်ထုက လက်နက်ကိုင်လမ်းစဉ်ဖြင့် စတင် တော်လှန်ခဲ့ကြသည်။ စစ်တပ်သည် လူထု၏ မုန်းတီးမှုရေချိန်ကို အမြင့်မားဆုံး ရင်ဆိုင်ရသည်။

ယနေ့ လူထု၏ ထောက်ခံမှု မရှိဘဲ နာကျဉ်း မုန်းတီး စက်ဆုပ်ရွံ့ရှာမှုကိုသာ ပိုင်ဆိုင်ထားသော စစ်တပ်သည် ရှေ့တန်းစစ်မျက် နှာပြင်မှန်သမျှတွင် ရှုံးနိမ့်မှုများစွာ ကြုံလာရပြီး ယခုနောက်ဆုံး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကဲ့သို့သော တိုင်းစစ်ဌာနချုပ်ကြီးတစ်ခုပါ ၁ လအတွင်း ကျရှုံးသွားခဲ့ရပြီဖြစ်သည်။

စစ်သည်ထောင်ပေါင်းများစွာ လက်နက်ချ အညံ့ခံကြရပြီး ဗိုလ်မှူးချုပ်အဆင့်မှစ၍ အရာရှိများစွာ ထွက်ပြေးခြင်း၊ တိုက်ပွဲအတွင်း သေဆုံးခြင်းများ ကြုံရလေသည်။ ထိုမတိုင်ခင်က လောက်ကိုင်၊ ကွမ်းလုံ၊ ကျောက်ကြမ်းကဲ့သို့ စစ်ဒေသဗျူဟာဌာနချုပ်ကြီးများလည်း ကျဆုံးခဲ့ရပြီးဖြစ်သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးခြင်းမှာ တိုင်းစစ်ဌာနချုပ်ကြီးတစ်ခုကို တော်လှန် ရေးတပ်များက မြန်မာ့သမိုင်းတွင် ပထမဦးဆုံး သိမ်းယူရရှိခြင်းလည်းဖြစ်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့အထိ ၁၀၂၇ ပထမလှိုင်းနှင့်ဒုတိယလှိုင်း ၁၀ လနီးပါး ကာလအတွင်း လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ မိုးမိတ် စသည့် ရှမ်းမြောက်ဒေသတစ်ခုလုံးသည် MNDAA ၊ TNLAA အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်များ၏ လက်ထဲသို့ အလုံးစုံ ကျရောက်ခဲ့ပြီဖြစ် သည်။

ရှမ်းမြောက်တစ်ခုတည်းသာမဟုတ် ရခိုင်တွင် မြို့နယ်အများစုကို AA က သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်။ ကချင်ပြည်နယ်တွင်လည်း KIA က မြို့နယ်အများစုနှင့် နယ်မြေအများစုကို သိမ်းပိုက်နေသည်။ ချင်းပြည်နယ်တွင်လည်း နယ်စပ်ဂိတ်များမှစ၍ မြို့ကြီးများအထိ ချင်းတော်လှန်ရေးတပ်များက သိမ်း ပိုက်နေသည်။ ကရင်နီပြည်နယ်တွင်လည်း နယ်မြေအများစုကို ကရင်နီတော် လှန်ရေးတပ်များက သိမ်းပိုက်ထားပြီဖြစ်သည်။ ကရင်ပြည်နယ်၊ တနင်္သာ ရီတိုင်းတို့တွင်လည်း အလားတူပင် နယ်မြေစိုးမိုးမှု အများစုကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

ထို့ပြင် မန္တလေးတိုင်းအတွင်းရှိ စဉ့်ကူး၊ မိုးကုတ်မြို့နယ်တို့ကိုလည်း မန္တလေး PDF တပ်များက သိမ်းပိုက်ထားနိုင်ပြီဖြစ်ရာ စစ်ကောင်စီတပ်များသည် တစ် နိုင်ငံလုံး မည်သည့် စစ်မြေပြင်တွင်မှ အနိုင်ရရှိခြင်းမရှိဘဲ အရှုံးနှင့်သာ ကြုံတွေ့နေရသည်။

ပြည်သူလူထုကို သတ်ဖြတ်ဖိနှိပ်ခဲ့သော စစ်တပ်၏ အရှုံးကို တစ်နိုင်ငံလုံးမှ ပြည်သူများ ဝမ်းသာကြသည်။ စစ်တပ်၏ ဆုံးရှုံးမှုကို ပြည်သူများက ပျော်ရွှင်မြူးတူး ကြသည်။ ပြည်သူလူထုထောက်ခံမှုမရှိသော စစ်ကောင်စီနှင့်စစ် တပ်သည် ဆုံးရှုံးခြင်းသာရရှိမည်ဖြစ်ပြီး မန္တလေး၊ ရန်ကုန် ၊နေပြည်တော်မြို့ကြီးများမှာလည်း မကြာမီ ပြည်သူ့ကာကွယ်ရေးတပ်များ၏ တိုက်ခိုက်သိမ်း ပိုက်မှု အောက်သို့ အနှေးနှင့် အမြန် ကျရောက်မည်မှာ လုံး၀ သေချာနေပြီဖြစ်သည်။ပြည်သူလူထုကို သတ်ဖြတ်ဖိနှိပ်ခဲ့သော စစ်တပ်၏ အရှုံးကို တစ်နိုင်ငံလုံးမှ ပြည်သူများ ဝမ်းသာကြသည်။ စစ်တပ်၏ ဆုံးရှုံးမှုကို ပြည်သူများက ပျော်ရွှင်မြူးတူး ကြသည်။ ပြည်သူလူထုထောက်ခံမှုမရှိသော စစ်ကောင်စီနှင့်စစ် တပ်သည် ဆုံးရှုံးခြင်းသာရရှိမည်ဖြ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article