27 C
Yangon

PDF ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ အပါအဝင် ရန်သူ ပတ်လည်ဝိုင်းနေမှု အကြမ်းဖက် မင်းအောင်လှိင် ဝန်ခံ

Must read

ပြည်ပနိုင်ငံအချိုက လက်နက်ကိုင်နှင့်နိုင်ငံရေးသဘောထားကွဲလွဲသူများကို ကူညီ ထောက်ပံ့နေဟုဆို

ရန်ကုန်၊ ဩဂုတ် ၆

မြန်မာနိုင်ငံတွင် မတရားစစ်အာဏာသိမ်းခဲ့သော အကြမ်းဖက် စစ်ကောင်စီအနေဖြင့် PDF ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ အပါအဝင် ရန်သူပတ်လည်၀ိုင်းနေကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိင်က ဝန်ခံပြောဆိုသည်။

ယမန်နေ့ အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများမှ ထုတ်လွှင့်သော မင်းအောင်လှိင်၏ ပြောဆိုမှုတွင် ထိုသို ပြောဆိုပါဝင်လာခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာသိမ်းမှု၏ အကြောင်းပြချက်ဖြစ်သော မဲမသမာမှုကြောင့် အာဏာသိမ်းပါဆိုသည်ဆိုသော အချက်ကို ထည့်သွင်းပြီး PDF များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲများက စစ်ပညာသင်ပေးခဲ့ကြကြောင်း၊ ရှမ်းပြည် နယ်မြောက်ပိုင်းတွင် MNDAA ၊ TNLA တို ကလည်းကောင်း၊ ရခိုင်ပြည်နယ်တွင် AA ကလည်းကောင်း၊ ကချင် ပြည် နယ်နှင့် စစ်ကိုင်းတိုင်းတွင် KIA ကလည်းကောင်း၊ ချင်းပြည်နယ်တွင် CNF ကလည်းကောင်း ၊ ကရင်ပြည်နယ်တွင် KNU ကလည်းကောင်း၊ ကယားပြည်နယ်တွင် KNPP/KNDF ကလည်းကောင်း စစ်ကောင်စီတပ်များကို တိုက်ခိုက်နေကြောင်း မင်းအောင်လှိင်က ဆိုသည်။

ထိုပြင် တရုတ်-မြန်မာနယ်စပ်တွင် EAO များက လက်နက်ခဲယမ်း မီးကျောက်စက်ရုံများ တည်ထောင်ထားပြီး လက်နက်များ၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်နေကြောင်း၊ အဆိုပါ လက်နက်စက်ရုံများက PDF နှင့် EAO များကို လက်နက်များ ထောက်ပံ့ရောင်းချနေကြောင်း၊ လက်နက်ခဲယမ်းစက်ရုံများ ထူထောင်ရန် သာမန်အခြေအနေနှင့် မရနိုင်ကြောင်း၊ ငွေ ကြေး အင်အား၊ နည်းပညာအင်အား မည်သည့်နေရာကရရှိနေသနည်း ဆိုသည်ကို ဆန်းစစ်သွားရမည်ဖြစ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံတောင်ပိုင်းတွင်လည်း ထိုင်း-မြန်မာနယ်စပ်လမ်းမှတစ်ဆင့် ဆက်သွယ်ရေးစက်၊ ဒရုန်းနှင့် လက်နက်ခဲယမ်းများ ဝင်ရောက်နေကြောင်း ပြောဆိုသည်။

MNDAA ၊ TNLA အဖွဲများ သုံးနေသည့် ဒရုန်းဗုံးများ၊ ရှော့တိုက်ဒုံးများသည် နည်းပညာအရ အဆင့်မြှင့်တင် ပြင်ဆင်ထားသည့် ပစ္စည်းများဖြစ်ကြောင်း၊ စစ်ဘုရင်ဝါဒ ပြန်လည်ကြီးစိုးလာကြောင်း မင်းအောင်လှိင်က ဆက်ပြောသည်။

အကြမ်းဖက်မင်းအောင်လှိင်က လက်ရှိ အခြေအနေများကို ဘုံရန်သူအဖြစ် သတ်မှတ်ပြီး ရှမ်းမြောက်တွင်သာမက တစ်နိုင်ငံလုံးတွင် တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိသည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံတချိုက လက်နက်ကိုင်များ၊ နိုင်ငံရေးသဘောထားကွဲလွဲသူများကို ငွေကြေး၊ အစားအသောက်၊ ဆေးဝါး၊ လက်နက်ခဲယမ်း၊ နည်းပညာနှင့် အုပ်ချုပ်ထောက်ပံ့မှု အခွင့်အလမ်းများ ရရှိအောင် ကူညီပေးလျက်ရှိကြောင်း ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article