29 C
Yangon

လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်သိမ်းပိုက်ခံရမှုတွင် တပ်တွင်း ဖရဲသီး(ခေါ်) လောက်ကောင်များက တစ်ဘက်အဖွဲ့ထံသို့ သတင်း ပေးခဲ့မှုကြောင့်ဟု စစ်တပ်က သုံးသပ်

Must read

စစ်တပ်နှင့်ဝန်ကြီးဌာနများအတွင်းမှ ဖရဲသီးများ ရှာဖွေဖော်ထုတ်ရန် “လောက်ကောင် ရှင်းလင်းရေး” စီမံချက် ဆောင်ရွက်နေပြီး ဖရဲသီး ဆိုသော စကားရပ်အစား လောက်ကောင်ဟု သုံးနှုန်းရန် ညွှန်ကြား

ရန်ကုန်၊ ဩဂုတ် ၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာန ချုပ် အချိန်တိုအတွင်း MNDAA က တိုက်ခိုက် သိမ်းပိုက်မှုတွင် စစ်တပ်၏ ဆက် သွယ်ရေးဆိုင်ရာ ကျိုးပေါက်မှုများကြောင့်ဖြစ်ပြီး ယင်းသို့ သတင်းများ ကျိုးပေါက်ခဲ့ခြင်းမှာလည်း တပ်အတွင်းမှ ဖရဲသီး (ခေါ်) လောက် ကောင်များ၏ သတင်းပေးမှုကြောင့် စစ်တပ်၏ တပ်တွင်း အစီရင်ခံတင်ပြမှုများတွင် သုံးသပ်ထားကြောင်း သိရှိရသည်။

လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထံသို့ စစ်ကူစစ်ကြောင်းများ သွား ရောက်ခြင်း၊ လားရှိုးမြို့နယ်တစ်ဝန်းတွင် စစ်ကြောင်းများ ဖြန့်ခွဲ ကာကွယ်ခြင်းဆိုင်ရာ သတင်းများသည် ဆက်သွယ်ရေးဆိုင်ရာ ကျိုးပေါက်မှုမှတစ်ဆင့် တစ်ဖက်အဖွဲ့အစည်းထံသို့ သတင်းများရောက်ရှိခဲ့ကြောင်း၊ ထို့ကြောင့် စစ်ကူစစ်ကြောင်းများ ချေမှုန်းခံရခြင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပတ်လည် ကာရံထားသည့် စစ်ကြောင်းများ အလွယ်တကူ ချေမှုန်းခံရခြင်းတို့မှာ တပ်တွင်းမှ ဖရဲသီး(ခေါ်) လောက်ကောင်များ၏ သတင်းပေးပို့မှု၊ ယင်းနှင့်ဆက်နွယ်နေသော ဆက်သွယ်ရေးဆိုင်ရာ ကျိုးပေါက်မှုတို့မှတစ်ဆင့် ဖြစ်ပွားခဲ့သည်ဟု တပ်တွင်း သုံးသပ်တင်ပြထားသော အစီရင်ခံစာအရ သိရှိရသည်။

“ရမခ အလွယ်တကူကျရတာက သတင်းမလုံခြုံမှု အဓိကပေါ့။ သတင်းမလုံခြုံတာက နံပါတ်တစ်ကတော့ တပ်တွင်းဖရဲသီးတွေရဲ့ သတင်းပေးမှု။ အဲဒီနောက်ကမှ ဖရဲသီးတွေက သတင်းပေးလို့ ဆက်သွယ်ရေးကွန်ရက် ကျိုးပေါက်မှုတွေ ထပ်ဖြစ်တယ်လို့ သုံးသပ်ထားတယ်။ တန့်ယန်းမှာ အင်အား ၄၀၀ လောက်ရှိတဲ့ စစ်ကူစစ်ကြောင်း ချေမှုန်းခံရတာလည်း သတင်းတွေ ကျိုးပေါက်လို့၊ ဖရဲသီးက သတင်းပေးလို့။ တိုင်းမှူးနဲ့ စစ်အရာရှိကြီးတွေ အဖမ်းခံရတာလည်း သတင်းကျိုးပေါက်မှုအဓိကလို့ သုံးသပ်တယ်။ ဒါနဲ့ပတ်သက်လို့လည်း ဆင့်ကဲ တပ်တွင်း အရေးယူမှုတွေ လုပ်နေတယ်။ ထပ်လည်း လာဦးမယ်” ဟု စစ်ဘက်သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကို စစ်ကောင်စီက လက်လွှတ် ဆုံးရှုံးရပြီးနောက် အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးနှင့် ကကဆက်ညွှန်မှူး ဗိုလ်ချုပ် ရဲမြင့်နိုင် တို့ကို စစ်တပ်က ဖမ်းဆီး စစ်ကြောမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်နှင့်ဝန်ကြီးဌာနများအတွင်းမှ လျှို့ဝှက်သတင်းများကို ပြင်ပသို့ ပေါက်ကြားစေသော ဖရဲသီးများ ရှာဖွေဖော် ထုတ်ရန် “လောက်ကောင် ရှင်းလင်းရေး” စီမံချက် ချမှတ်ထားပြီး ဖရဲသီးဆိုသော စကားရပ်အစား လောက်ကောင်ဟု သုံးနှုန်းရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

“အခု ဖရဲသီးလို့ မသုံးရတော့ဘူး။ လောက်ကောင်လို့ သုံးနှုန်းခိုင်းတယ်။ လောက်ကောင်တွေကို ရှာဖွေ ဖော်ထုတ်ရှင်းလင်းရမယ်ဆိုပြီး အမိန့်ပေးပါတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article