28 C
Yangon

Breaking News- အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၀၀၀ ကျော်အထိစံချိန်တင်ထိုးတက်ပြီး ကျပ်ငွေတန်ဖိုး သမိုင်းဝင် စံချိန်တင် တဟုန်ထိုးကျဆင်းနေ

Must read

ရန်ကုန်၊ ဩဂုတ် ၉

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၀၀၀ ကျော်သွားပြီး မြန်မာကျပ်ငွေတန်ဖိုးမှာ တဟုန်ထိုးကျဆင်းလျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယနေ့ နံနက်ပိုင်းတွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၅၈၀၀ ဖြင့် စတင်စျေးဖွင့်ခဲ့သော်လည်း မိနစ်ပိုင်းနှင့်အမျှ ကျပ်ငွေတန်ဖိုး ထိုးကျခဲ့ကြောင်း၊ ယခုအခါ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၀၀၀ အထက်တွင် စျေးပေါက်နေပြီး ပြင်ပတွင် ဝယ်ယူမရတော့ကြောင်း သိရှိရသည်။

“ဒီတစ်ခေါက်တော့ ရုပ်ပျက်ဆင်းပျက် ကျပ်ငွေတန်ဖိုးထိုးကျတာ။ အဲဒီလောက် မြန်မြန်ကြီးကျတာမျိုးက သမိုင်းဝင် စံချိန်တင်တယ်လို့ ပြောရမယ်။ အခု အပြင်မှာ တစ်ဒေါ်လာ ၆၁၀၀ ပေးတောင် အရွက် ရောင်းမယ့်သူမရှိဘူး။ ပစ္စည်းတွေလည်းပြတ်တယ်။ ဝယ်သူတွေချည်းပဲ အမှာတက်နေတယ်” ဟု ရန်ကုန်မှ နိုင်ငံခြားငွေလဲဒိုင်တစ်ဦးက ဆိုသည်။

အလားတူ ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၆၇ ကျပ်အထိ စျေးပေါက်နေပြီး မြန်မာကျပ်ငွေ တစ်သိန်းသည် ထိုင်းဘတ် ၅၉၄ ဘတ်သာ ရရှိတော့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article