29 C
Yangon

မြောက်ဦးဟိုတယ်အနီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သား ပြည်သူ ၆ ဦးထက်မနည်းသေဆုံး

Must read

မြောက်ဦးဟိုတယ်အနီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သား ပြည်သူ ၆ ဦးထက်မနည်းသေဆုံး

ရန်ကုန်| ဩဂုတ် ၁၀

ရခိုင်ပြည် မြောက်ဦးမြို့နယ်၊ မြောက်ဦးဟိုတယ်အနီးသို့ အာဏာသိမ်း စစ်ကောင်စီက ယနေ့ ဩဂုတ်လ ၁၀ ရက် မွန်းလွဲ ၁၂ နာရီခွဲကျော်အချိန်တွင် တိုက်လေယာဉ်ဖြင့် ဗုံးတစ်လုံးကျဲချခဲ့သဖြင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း မြို့ခံများက ပြောသည်။

စစ်ကောင်စီ ဗုံးကြောင့် ခရီးသွားလာနေသော တုတ်တုတ် ယာဉ် ပေါ်ကျရောက်၍ ယာဉ်မောင်းအပါအဝင် ခရီးသည်စုစုပေါင်း ၆ ဦးထက်မနည်း သေဆုံးသွားကြောင်း မြို့ခံများထံမှ ကနဦး သတင်းရရှိသည်။

” နေ့လယ် ၁၂ နာရီခွဲကျော်လောက်ကပါ။ ဗုံးလာကြဲတာ။ မြောက်ဦးဟိုတယ်ရှေ့နဲ့ နဝရတ်ဟိုတယ်ရှေ့ကို ကျပါတယ်။ လမ်းမှာ ခရီးသည်နဲ့ သွားနေတဲ့ တုတ်တုတ်ပေါ်ကို ထိတယ်လို့ ပြောတယ်။ ၄ ဦးလား၊ ၅ ဦးလား မသိဘူး။ ပွဲချင်းပြီး သေသွားတယ်။ တော်တော်လေး ရုပ်ပျက်ဆင်းပျက်သေသွားတယ်လို့ ပြောတယ်။ တချို့အလောင်းဆို အူတွေ အပြင်ကို ထွက်ကျနေတယ်။ ခြေတွေ၊ လက်တွေ ပိုင်းပြတ်ပြီး ပြန့်ကြဲနေတယ်။ မြင်ကွင်းက အရမ်းကြောက်စရာကောင်းတယ်။ ” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေများနှင့် တိုက်ပွဲဇုန်မဟုတ်တော့သည့် မြို့ရွာများသို့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကို နေ့စဉ် ကျူးလွန်နေသဖြင့် ထိုသို့ လေကြောင်းပစ်ခတ်မှုကျူးလွန်နေခြင်းကို တရုတ်နှင့် နိုင်ငံတကာက ဟန့်တားပေးပါရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က တောင်းဆိုထားသည်။

ဓာတ်ပုံ- ဧပြီလအတွင်း စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ့ဆေးရုံတစ်ခု ပျက်စီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article