တောင်ကိုရီးယားနိုင်ငံ အန်ဒုန်မြို့တွင် စစ်ဘေးရှောင်ပြည်သူများကို ထောက်ပို့ရေးစျေးရောင်းပွဲတော်နှင့် စစ်အာဏာသိမ်းမှုအလိုမရှိ ဆန့်ကျင်ဆန္ဒပြ
ရန်ကုန်၊ ဩဂုတ် ၁၀
တောင်ကိုရီးယားနိုင်ငံ အန်ဒုန်မြို့တွင် ကိုရီးယားမြန်မာပူးပေါင်းကာ မြန်မာရှိ စစ်ဘေးရှောင်ပြည်သူများကို ထောက်ပို့နိုင်ရေး ကွတ်ကီးမုန့်စျေးရောင်းပွဲတော်နှင့် စစ်အာဏာသိမ်းမှုအလိုမရှိ ဆန့်ကျင်ဆန္ဒပြပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါပွဲတွင် MFDMC ပြည်ပထောက်ပို့အဖွဲ့ဥက္ကဋ္ဌ၊ဒုဥက္ကဋ္ဌများတက်ရောက်ခဲ့ကာ တော်လှန်ရေး တက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက အာဏာရှင်စနစ်ဆိုးက လွတ်မြောက်သည်အထိကိုယ်စွမ်းနိုင်ရာဖြင့် ဆက်လက်ပါဝင်ပေးရန် တိုက်တွန်းနိုးဆော်ခဲ့ကြောင်း သိရှိရသည်။