ဆားလင်းကြီးမြို့နယ်တွင် ပြည်သူများကိုကျန်းမာရေးကူညီစောင့်ရှောက်မှုပေး
ရန်ကုန်၊ ဩဂုတ် ၁၀
ဆားလင်းကြီးမြို့နယ်အတွင်းတွင် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး( BLDF) စစ်ဒေသ ၁ ဆေးတပ်ဖွဲ့နှင့် ရဲဘော်များက ပြည်သူများကိုကျန်းမာရေးကူညီစောင့်ရှောက်မှုများလုပ်ဆောင်ခြင်း၊ တပ်ဦးနှင့် မိတ်ဆက်ခြင်း၊ လက်ရှိနိုင်ငံရေးစစ်ရေးအခြေနေများကို တင်ပြခြင်း အစီအစဥ်များကို ဩဂုတ်လ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။