29 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၁၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက်စစ်ကောင်စီအတွက် နောက်ဆုံးနေ့ရက်တွေ ရောက်ရှိလာပြီဖြစ်ပြီး တော်လှန်ရေးအောင်ပွဲ မုခ်ဦးကို မြင်နေရပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောဆို လိုက်ပါတယ်။
  • မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်စခန်း ၄ ခုကို သိမ်းပိုက်ခဲ့ရာ စစ်သား ၃၀ ကျော် သေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိကာ လက်နက် ၂၇ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၄ တာဝန်ရှိသူတစ်ဦးနဲ့ နွားထိုးကြီး ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
  • အကြမ်းဖက်မင်းအောင်လှိုင်က နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဗိုလ်မှူးချုပ်သက်ထွန်းဦး ကို ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်မှာ စစ်ဆင်ရေးတွေကို လက်ရှိတိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းနဲ့ ပူးတွဲ လုပ်ဆောင်ဖို့ အထူးစေလွှတ်လိုက်တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article