20 C
Yangon

နောင်ချိုနှင့် သီပေါမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ၂၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်

Must read

နောင်ချိုနှင့် သီပေါမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ၂၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၁၄

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း TNLA က ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့တွင် နောင်ချိုမြို့နယ် တောင်ခမ်းရွာနှင့် နောင်လင်ကျေးရွာတွင် တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထို့ပြင် တောင်ခမ်းနှင့် နောင်လင်ရွာ၌လည်း တပ်မ ၉၉ လက်အောက်ခံ ခမရ ၃၀၂ တပ်ရင်း၊ အရှေ့မြောက်ပိုင်း တိုင်’စစ်ဌာနချုပ် လက်အောက်ခံ ခမရ ၃၂၅ တပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၃၀၆ တပ်ရင်းတို့နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အလားတူ သီပေါမြို့ရှိ ခလရ ၂၃ တပ်စခန်းတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး အကြမ်းဖက် စစ်ကောင်စီတပ်က Jet Fighter ဖြင့် ၄ ကြိမ်၊ Y-12 ထောက်ပို့လေယာဉ်ဖြင့် ၁၆ ကြိမ် ဗုံး ၁၂၄ လုံး လာရောက်ကျဲချခဲ့ကြောင်း၊ နောင်ချိုမြိုနယ်တွင်လည်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က Y-12 ထောက်ပို့လေယာဉ်ဖြင့် ၁ ကြိမ် ဗုံး ၄ လုံး လာရောက်ကျဲချခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article