26 C
Yangon

ရေစကြိုမြို့နယ်၊ ကိုရင့်ရွာကို ရောက်ရှိနေသော စစ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Must read

ရေစကြိုမြို့နယ်၊ ကိုရင့်ရွာကို ရောက်ရှိနေသော စစ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကိုရင့်ရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၂ cobra one pakokku တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၄၃ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ ဟင်္သာပျူစောထီးရွာမှ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများသည် ကိုရင့်ရွာ စာသင်ကျောင်းထဲကို ရောက်ရှိလာစဉ် Rocket ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း ပစ်မှတ်များကို ထိမှန်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၃ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“လက်ရှိအထိ အဲဒီရွာထဲမှာပဲ ရှိသေးတယ်။ အထိုင်ချဖို့တော့မဟုတ်ဘူး။ အဲဒီရွာ အနီးအနား ပတ်ဝန်း ကျင်းကို စစ်ကြောင်းထိုးလာတာ၊ လေယာဉ်နဲ့ အဲဒီရွာတဝိုက်ကို ပျံဝဲစောင့်ကြည့်နေတယ်။ ပစ်တော့ မပစ်ဘူး။ တခြားအဖွဲ့တွေကလည်း ဒရုန်းနဲ့ ဗုံးချတာတွေတော့ရှိတယ်” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကို ပိန်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ မှ Young Force UG၊ Cobra One၊ Taty-Pku၊Thurain-TR နှင့်ရေစကြို ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဩဂုတ်လအတွင်း ကိုရင့်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အကြောင်းမဲ့ မီးရှို့ခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၂၃ လုံး ပျက်စီးခဲ့ပြီး ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article