ရန်ကုန်၊ ဩဂုတ် ၁၅
မြန်မာနိုင်ငံတွင် ရောက်ရှိနေသော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက စစ်အာဏာရှင်ဟောင်း သန်းရွှေကို သွားရောက်တွေ့ဆုံခဲ့ကြောင်း တရုတ်ဆင်ဟွာသတင်းဌာနက သတင်းဖော်ပြသည်။
ဩဂုတ်လ ၁၄ ရက်နေ့ တွင် ဝမ်ယိက သန်းရွှေကို သွားရောက်တွေ့ဆုံခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ပြည်ပဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်နှင့် ပြည်တွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် တန်ဖိုး ရှိသော အထောက်အပံ့များကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု မျှော်လင့်ကြောင်း သန်းရွှေက ပြောဆိုသည်ဟု သိရှိရသည်။
တရုတ် ဝမ်ယိက မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ရင်ကြားစေ့ရေးကြိုးပမ်းမှု၊ တစ်ပြည်လုံးရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပရန်၊ ဒီမိုကရေစီအသွင်ကူး ပြောင်းရေး ပြန်လည်စတင်ရန် ထောက်ခံကြောင်း ၊ မြန်မာနိုင်ငံ တည် ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်ဆီးသည့် ပြောဆိုပြုမူမှုများကို အခိုင်အမာ ဆန့်ကျင်ကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ အေးအတူ ပူအမျှ၊ အပြန် အလှန်ဖေးမ ကူညီသည့် စိတ်ဓာတ်ကို လက်ကိုင်ထားမည်ဟု ပြောဆိုကြောင်း သိရှိရသည်။
ဓာတ်ပုံ – ဝမ်ယိနှင့်သန်းရွှေ ယနေ့တွေ့ဆုံစဉ်။
Photo- ဆင်ဟွာ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar