ဒီကနေ့ ဩဂုတ် ၁၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်ထွက် မထွက်တာဖြစ်လို့ သတင်းအတုအယောင်တွေမှာ လိုက်ပါ စီးမျောမသွားမိစေရေး ဂရုပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။
- ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ တောမော်တပ်စခန်း ကို KIA က ထပ်မံ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သား ၁၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပြည်တွင်းမှာ စတော့ရှယ်ယာနဲ့ ငွေကြေးကုမ္ပဏီအမည်ခံ Nathan Investment Myanmar က လူပေါင်း ၄၀၀ ကျော်ဆီကနေ ငွေသိန်းပေါင်း ၂ သိန်းကျော် လိမ်လည် ထွက်ပြေးတိမ်းရှောင်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar