26 C
Yangon

အရာတော်မြို့နယ်၊ သလဲဘာပျူစောထီးစစ်စခန်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာပျူစောထီးစစ်စခန်းကို တော်လှန် ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၇ ဦးသေဆုံးကြောင်း Phoenix Wings ဒုံးတပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်လရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာပျူစောထီးစခန်းကို မြေပြင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဝေဟင်တိုက်ခိုက်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ကြကြောင်း၊ အရာတော် လေ့ကျင့်ရေး ၁၀ တပ်က သလဲဘာပျူစောထီး စခန်း ကို တိုက်ခိုက်မှုများ မလုပ်နိုင်ရန် ဟောင်ဝစ်ဇာ အမြောက် ၁၀ လုံးဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ မြေပြင်တော်လှန်ရေးတပ်များက တိုက်ခိုက်နေချိန် ဝေဟင်တပ်များက ၆၀ မမ ဗုံး အလုံး ၃၀ ကျော်ကို ဘန်ကာများပေါ်သို့ တည့်တည့်ချကျဲချပေးခဲ့ကြောင်း၊ မြေပြင်တော်လှန်ရေးတပ်များကလည်း မိုင်းကွင်းများကို ဖြတ်ကျော်ပြီး သလဲဘာပျူစော

ထီးစခန်းထဲအထိ ထိုးဖောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စခန်းကို သိမ်းပိုက်ခါနီးတွင် အရာတော် လေ့ကျင့်ရေး ၁၀ တပ်က အမြောက်များ၊ လက်နက်ကြီးများဖြင့် ပစ်ကူပေးသည့်အပြင် ငွေတွင်း ရွာပျူစောထီးစခန်းမှ စစ်ကူများ လာရောက်ခဲ့ကြောင်း၊ ထို့ကြောင့် တော်လှန်ရေးတပ်များက ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

အရာတော်မြို့နယ်၊ သလဲဘာပျူစောထီးစခန်း တိုက်ပွဲသည် တိုက်ပွဲ ဖြစ်ပွားချိန် ၅ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်သား ၇ ဦးသေ ဆုံးခဲ့ကြောင်း၊ တော်လှန်ရေးတပ်များဘက်မှ ရဲဘော် ၂ ဦး အသေးစားဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ဆင်ရေးတွင် တော်လှန်ရေးမဟာမိတ်ပေါင်းစုံပါဝင်ကြောင်း သိရှိရသည်။

“စခန်းသိမ်းတိုက်ပွဲတွေ ပိုမို ဆောင်ရွက်နိုင်ဖို့ တော်လှန်ရေးတပ်တွေကို ပြည်သူ လူထုရဲ့ ထောက်ပံ့မှု အများအပြားလိုအပ်ပါတယ်” ဟု Phoenix Wings ဒုံးတပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်လရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article